G-Fatt က မိခင်ဖြစ်သူကို ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ် ပို့ပေးချင်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုက်နိုင်ပါပြီတဲ့။ သူ ဝါသနာပါတဲ့ ဂီတအလုပ်တွေနဲ့ မိဘနှစ်ပါးကို ပြည့်ပြည့်စုံစုံထားချင်တဲ့ ဆန္ဒနဲ့ အလုပ်တွေလည်း ကြိုးစားနေတာ တွေ့ရပါတယ်။
Photo: G Fatt
အဆိုတော် G-Fatt က သူ့ရဲ့ အိပ်မက်တွေထဲက တစ်ခုကို အကောင်အထည်ဖော်လိုက်နိုင်လို့ ဝမ်းသာပီတိဖြစ်နေတာကို တွေ့ရပါတယ်။ သူဟာ ဂီတအလုပ်တွေကို ဆက်တိုက်ဆောင်ရွက်နေ တာကိုလည်း တွေ့ရပါတယ်။
‘’ အမေ့ကို အခုလို ဗုဒ္ဓဂါယာ ပို့ချင်ခဲ့တာလည်း ကျွန်တော့်အိပ်မက်တွေထဲက တစ်ခုပဲ’’ လို့ မတ်လ ၁၂ ရက်နေ့ ညက သူ့ရဲ့ Facebook Story မှာ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်ကို ရောက်ရှိနေတဲ့ မိခင်ဖြစ်သူရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။ G-Fatt ကတော့ လက်ရှိမှာ ကျောင်းသင်္ကြန် ဖျော်ဖြေရေးတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။
Photo: G Fatt
G-Fatt ဟာ မိခင်ကို သိပ်ချစ်တဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း မိခင်ဖြစ်သူကို ဘုရားဖူူးခရီးစဉ်တွေ လိုက်ပို့ပေးလေ့ရှိပါတယ်။ သူဟာ မိဘနှစ်ပါးစလုံးကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ကိုလည်း အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ဖခင်ဖြစ်သူကို ပထမဆုံးအကြိမ် ရဟန်းခံ ကုသိုလ်ပြုခဲ့ပေးသေးတယ်လို့ သိရပါတယ်။
Photo: G Fatt
Photo: G Fatt
ပရိသတ်တွေကတော့ G-Fatt ကို 8day 8 month 8 hour ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ဂျင် တေးစီးရီးကိုတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ 120/B တေးစီးရီးကို ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး Ome Man Show ကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ လုပ်ခဲ့တာဖြစ်ပါတယ်။