အဆိုတော် ဗီဗာဟိန်းက တော့ Covid Third Wave မှာမိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူတို့ကို တပြိုင်တည်း ဆုံးရှုံးခဲ့ရသူပါ။ မိဘ နှစ်ပါးလုံးကိုဆုံးရှုံးပြီးချိန်မှာတော့ အိမ်ထောင်ပြုလိုက်ပြီး အခုဆိုရင် သားဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ ဆုံးပါးသွားတဲ့မိဘနှစ်ပါးစလုံးကို သတိရလွမ်းဆွတ်မိတဲ့အ ကြောင်းကို ဖြေကြားလာပါတယ်။
"အခုချိန်ထိ တစ်ရက်မှမ မေ့နိုင်ဘူး။ကိုယ့်ဘာသာကိုယ် မငိုမိအောင်ထိန်းရတယ်။ မငိုမိအောင်စိတ်အားတင်းထားလည်းငိုတာကငိုမိတာပဲ။အမျိုးသားက အနားမှာအမြဲတမ်း အားပေးတယ်။အထဲမှာပြန်ဝင်စားနေပြီလေ။စိတ်လျှော့လေ။မငိုမိအောင် သူက တော့အားပေးစကားပြောပေးပါတယ်။က လေးအတွက်ပဲ စိတ်တင်းပြီးတော့ ပြန်ဖြေဆည်ရတာပေ့ါ" ဆိုပြီး မိဘ တွေကို သတိရစိတ်နဲ့ တမ်းတမိတဲ့အ ကြောင်းဖြေကြားလာပါတယ်။
Photo- Viva Hein FB
မိဘကိုအလွန်တွယ်တာ တတ်တဲ့ဗီဗာတစ်ယောက် မိဘ တွေမရှိတဲ့နောက်မှာ ဘဝကြီးတစ်ခုလုံးပျက်စီးသွားမတတ်ခံစားရပြီး မိဘနှစ်ပါးမှာတစ်ယောက်က တော့ လူအဖြစ် ပြန်ဝင်စားဖို့ ယုံကြည်တဲ့အ ကြောင်းကို လည်းပြောပြ ပေးခဲ့ပါတယ်။
"အိပ်မက်မက်တာ က တော့ သုံးယောက်စလုံးကိုမက်နေတာပါပဲ၊ဘယ်သူဝင်စားလို့ ဝင်စားမယ်မှန်းမသိဘူး။ တစ်ယောက်ယောက်တော့ဖြစ်မှာပေါ့နော်။ဘယ်သူပဲ ဝင်စားဝင်စားသုံးယောက်စလုံးက တော့ကိုယ်ချစ်တဲ့သူတွေကြီးပဲလေ။ ကိုယ်ချစ်ရတဲ့သူတွေဆိုတော့ ဘယ်သူပဲဝင်စားဝင်စား အရမ်းပျော်မိမှာပါ" ဆိုပြီး ပြောပြ ပေးခဲ့ပါတယ်။
Photo- Viva Hein FB
သားဦးလေးမှန်းသိလိုက်ရတဲ့အချိန်မှာ အလွန်ပျော်ရွှင်မိပြီး နှလုံးခုန်သံကြားလိုက်ရတဲ့အချိန်မှာမျက်ရည်ကျမတတ်ဝမ်းသာမိပြီး အခုဆိုရင် ကိုယ်ဝန်က ၆လထဲမှာရှိနေပါပြီ။ က လေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားပြီး မွေးဖွားရင်တော့ Sakura ဆေးရုံမှာမွေးဖြစ်မယ်လို့လည်းသိရပါတယ်။
အဆိုတော် ဗီဗာဟိန်းက တော့ အဆိုတော် ဗိုလ်ဟိန်းနဲ့ ဗိုလ်မ တို့ရဲ့ သမီးလေး ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ဝလ ခန့်က Covid ရောဂါ နဲ့ ပဲ မိဘ နှစ်ပါးနဲ့ အတူအစ်ကိုဖြစ်သူကိုပါဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။မိသားစုဝင်တွေ ဆုံးရှုံးပြီးချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်သွားတဲ့ အဆိုတော်ဗီဗာဟိန်းက ၂၀၂၁ခုနှစ်ဒီဇင်ဘာလထဲမှာ အိမ်ထောင်ပြုခဲ့တာပဲ ဖြစ်ပါတယ်။