Call of Duty ကို PlayStation မှာထားပေးဖို့ ၁၀ နှစ် မိုက်ခရိုဆော့ဖ်နဲ့ သဘောတူထားပါတယ်

Video Game ဖန်တီးရှင်တွေ ဖြစ်ကြတဲ့ ဆိုနီနဲ့ မိုက်ခရိုဆော့ဖ်တို့ ထိပ်တိုက် တွေ့ကျတဲ့ 2023 မှာ တစ်ယောက်နဲ့တစ်ယောက် အားပြိုင်တာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Activision ကို ကန်ဒေါ်လာ $68.7 ဘီလီယံတန်ကြေးနဲ့ 2022 ဇန္နဝါရီမှာ မိုက်ခရိုဆော့ဖ် ဝယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့နောက်ကွယ် ဆိုနီ အသည်းသဲ လိုက်နေရပြီး စားခွက် မပျောက်ဖို့ အမျိုးမျိုး ဖန်ခဲ့ရပါတယ်။

ဘယ်လိုပဲ In-house ဂိမ်းတွေ ထုတ်ထုတ် Activision ရဲ့ တစ်ခုထဲသော ဂိမ်းကပေးတဲ့ ဝင်ငွေနားကို မချဥ်းကပ်နိုင်ခဲ့ပါဘူး။

သိတဲ့အတိုင်း God of War: Ragnarök ၊ Horizon Forbidden West နဲ့ Spider-man: Mile Morales လို Blockbuster ဂိမ်းတွေ အပြင် အအောင်မြင်ဆုံး ရုပ်သံစီးရီးတစ်ခုအဖြစ် အသွင်ပြောင်းနိုင်ခဲ့တဲ့ The Last of Us Part 1 အရှိန်ဝါနဲ့ ထည့်သွင်းစဥ်းစားရင်တောင် မမီဘူးလို့ Report အရ သိရပါတယ်။

Image: CNBC

အဲ့ဒါက အချိန်မှန်မှန် ရွှေဥ ဥ ပေးတဲ့ ငန်းကို တန်ဖိုးထားရမယ် ဆိုတဲ့ စကားပုံအတိုင်း တစ်လကို ဒေါ်လာ $1.5 Billion ဖန်ပေးနေတဲ့ Call of Duty ကြောင့်ပါ။

ဂိမ်မာတွေဟာ တစ်နှစ်ကို ပျမ်းမျှ 116 နာရီ ကစားလေ့ရှိပြီး PlayStation Platform မှာ Call of Duty (CoD) ဂိမ်းရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း 800 ရှိတယ် ဆိုထားပါတယ်။

ဒီပမာဏဟာ အမေရိကန် တစ်ခုထဲရဲ့ တန်ဖိုးကို ဆိုလိုပြီး PlayStation ပေါ်က CoD ကစားသမားတွေဟာ Bundle သို့ လစဥ်ကြေးနဲ့ ဆော့ရင် တစ်နှစ်ကို ခန့်မှန်းချေ $15.9 Billion ခန့် တန်ဖိုး ရှိတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

ဒါကြောင့်လည်း မိုက်ခရိုဆော့ဖ်ကို လက်မြောက် အရှုံးပေးလိုက်ရပြီး PS Platform မှာ Call of Duty Franchise ရှိနေဖို့ သဘောတူလိုက်ရပါတယ်။

နောက်ကွယ် အကြောင်းပြချက် တစ်ခုက Activision ကို အပြီးသတ် ဝယ်ယူဖို့ လက်ခံလိုက်တဲ့ EU ဆုံးဖြတ်ချက်လည်း ပါသလို ဆိုနီအနေနဲ့ တိုက်ရိုက် ယှဥ်ဖို့ အခွင့်မသာတာလည်း ဆက်နွယ်မှု ရှိပါတယ်။

အခုလို သဘောတူထားပေမယ့် PlayStation Exclusive ဂိမ်းတွေကို Xbox Platform မှာ မြင်ရနိုင်ချေ မရှိသေးပါဘူး။

PC မှာ အကျိုးမြတ် ရနေတဲ့ PlayStation ဂိမ်းတွေကို တမျိုးပြီးတမျိုး ထုတ်ပေးနေတဲ့ အရသာကို ဆိုနီ သဘောခွေ့ပုံ ရပေမယ့် သဘောတူထားတဲ့ 10 နှစ် ကာလမှာ လစဥ်ကြေးနဲ့ Cloud Gaming အပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ပြောင်းလဲမလဲ မသိပါဘူး။

Source: The Verge

Share

Loading Next Article...
က္က