နောက်ထပ်အန္တရာယ်ဆင့်ကဲဖြစ်လောက်အောင် ဆိုးရွားခြင်းမရှိဘူးလို့ ဆိုပါတယ်

Samsung ၊ Nvidia ၊ Okta နဲ့ Ubisoft တို့ရဲ့ အချက်အလက်တွေ ခိုးယူသွားတဲ့ ဟက်ကာအဖွဲ့ဟာ Microsoft ကိုပါ Hack နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Lapsus$ ဟက်ကာအဖွဲ့ဟာ Microsoft ဆီကနေ 37GB နီးပါးရှိတဲ့ Source Code တွေကို ခိုးယူသွားခဲ့တာလို့ The Verge သတင်းက ဖော်ပြပါတယ်။ အင်္ဂါနေ့ ညနေပိုင်းက စုံစမ်းသိရတဲ့အချက်အလက်တွေအရ DEV-0537 လို့ ခေါ်တဲ့ အဖွဲ့ဟာ အကောင့်တစ်ခုကို ထိန်းချုပ်ပြီး Bing နဲ့ Cortana တွေအတွက် Source Code တချို့ကို ခိုးသွားခဲ့ကြောင်း Microsoft က အတည်ပြုပါတယ်။





Microsoft ရဲ့ လုံခြုံရေးဆန်းစစ်လေ့လာသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက Lapsus$ အဖွဲ့ကို ခြေရာခံနေတာ ဖြစ်ပြီး ဒီအဖွဲ့ရဲ့ စနစ်ထဲ ချိုးဖောက်ဝင်ရောက်ရာမှာ သုံးတဲ့ နည်းလမ်းတချို့ကိုပါ အသေးစိတ်လေ့လာနေတယ်လို့ ဆိုပါတယ်။ Microsoft Threat Intelligence Center (MSTIC) ရဲ့ အဆိုအရ DEV-0537 ရဲ့ ရည်ရွယ်ချက်က ပစ်မှတ်ထားတဲ့အဖွဲ့အစည်းကို အဖျက်အမှောက်တိုက်ခိုက်မှုတွေနဲ့ ဒေတာခိုးယူမှုတွေ လုပ်နိုင်အောင် ခိုးထားတဲ့ အကောင့်ကနေ ငွေညှစ်တာလိုမျိုး ရှေ့ဆက် Access ရအောင်လုပ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

နည်းစနစ် နဲ့ ရည်ရွယ်ချက်တွေအရ ဒါဟာ ဆိုက်ဘာာရာဇဝတ်လုပ်ရပ်လုပ်သူတစ်ယောက် ခိုးယူဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း MSTIC က ဆိုပါတယ်။ အခုပေါက်ကြားသွားတဲ့ ကုဒ်တွေက နောက်ထပ်အန္တရာယ်ဆင့်ကဲဖြစ်လောက်အောင် ဆိုးခြင်းမရှိသလို ဆိုက်ဘာတုံ့ပြန်ရေးအဖွဲ့တွေအနေနဲ့လည်း ဟက်ကာတွေရဲ့ အော်ပရေးရှင်းကို ဖြတ်တောက်ထားပြီး ဖြစ်တယ်လို့ Microsoft က ပြောပါတယ်။ 




Lapsus$ ရဲ့အဆိုအရ Bing Maps နဲ့ Cortana ဆီက ကုဒ်တွေရဲ့ ၄၅% ဝန်းကျင်နဲ့ Bing ဆီက ကုဒ် ၉၀% ဝန်းကျင်ရထားတယ်လို့ ဆိုပါတယ်။ တနင်္လာနေညကပဲ ဒီဟက်ကာအဖွဲ့ဟာ Microsoft နဲ့ ဆိုင်တဲ့ ပရောဂျက် ၂၅၀ ကျော်ရဲ့ source code ပါ 9GB 7-zip ဖိုင်တစ်ခု torrent တစ်ခု တင်ခဲ့ပါတယ်။ Lapsus$ အဖွဲ့ဟာ Microsoft အရင်ကလည်း Okta ၊ Samsung ၊ Vodafone ၊ Mercado Libre ၊ Ubisoft နဲ့ Nvidia စတဲ့ အင်အားကြီးနည်းပညာပိုင်း အဖွဲ့အစည်းတွေဆီက အချက်အလက်တွေလည်း ရယူထားတဲ့ နာမည်ကျော် ဟက်ကာအဖွဲ့ဖြစ်ပါတယ်။

Samsung နဲ့ Nvidia တို့က သူတို့ရဲ့ အချက်အလက်တွေ အခိုးခံရကြောင်း ဝန်ခံထားပေမယ့် Okta ကတော့ အချက်လက်ပေါက်ကြားမှု မဖြစ်ကြောင်းနဲ့ ပုံမှန်အတိုင်း အပြည့်အဝလည်ပတ်နေကြောင်း ပြောပြီး ဆိုက်ဘာတိုက်ခိုက်မှုအကြောင်း ငြင်းထားပါတယ်။ 

Share

Loading Next Article...
က္က