မှန်ပြင်အောက် လက်ဗွေနည်းပညာပါပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ထွက်လာတာကတော့ Vivo Z5 ပဲ ဖြစ်ပါတယ်။
တကယ်က Vivo Z5 ဟာ မေလထဲမှာ ထွက်ထားတဲ့ Vivo Z5x ရဲ့ မူလဗားရှင်းလို့ပြောရမှာပါ။ Vivo Z5x မှာ punch-hole ကင်မရာပေါက် ဒီဇိုင်းကို သုံးခဲ့ပေမယ့် Vivo Z5 မှာတော့ ရိုးရိုး waterdrop notch နဲ့လာပြီး ကင်မရာနဲ့processor ပိုကောင်းပါတယ်။ နောက်ထပ် ပိုကောင်းတာက display ဖြစ်ပါတယ်။
Photo: xda-developers
Vivo Z5 ဟာ မျက်နှာပြင် ၆.၃၈ လက်မ 1080x2340px ရုပ်ထွက်နဲ့လာပြီး မှန်ပြင်အောက် display နည်းပညာ သုံးသွားပါတယ်။ UD fingerprint scanner သုံးတာကြောင့် display panel ကလည်း Super AMOLED ဖြစ်လာပါတယ်။ နောက်တစ်ခုက ဒီဖုန်းဟာ နောက်ဆုံးပေါ် mid-range processor ဖြစ်တဲ့ Snapdragon 712 chipset သုံးထားတာ ဖြစ်ပြီး RAM/Storage ကို ဗားရှင်း ၄ မျိုးနဲ့ထွက်ထားပါတယ်။
ရှေ့ဘက် notch ထဲမှာ 32MP ကင်မရာ နဲ့လာပြီး AI နည်းပညာသုံး beauty mode ပါတာကြောင့် ဆယ်လ်ဖီ portrait တွေ ရိုက်ရာမှာ မျက်နှာပေါ်က အသွင်လက္ခဏာပေါင်း ၁၀၃ ခု ကို ဖတ်ရှုပြုပြင်နိုင်မှာပါ။ Vivo Z5 ဟာ အလင်းအားနည်းချိန် ရိုက်ကူးလိုက်တဲ့ ကင်မရာစွမ်းရည်ကို မြှင့်ဖို့အတွက် Super Night View 2.0+ ပါပြီး ဂိမ်းခံစားမှုကိုပါ မြှင့်တင်ပေးနိုင်မယ့် Multi-Turbo နည်းပညာ ပါဝင်လာပါတယ်။
Photo: MySmartPrice
Vivo Z5 ဟာ ကင်မရာ ၃ လုံး သုံးတဲ့ ဖုန်းဖြစ်ပြီး 48MP ကင်မရာ ၊ 8MP wide-angle နဲ့2MP depth sensor ကင်မရာတွေနဲ့လာပါတယ်။ ဒီဖုန်းမှာ 22.5W Flash Charge အားအမြန်သွင်းနိုင်တဲ့ နည်းပညာ ပါတဲ့ 4500 mAh နဲ့လာပါတယ်။ အရောင်အနေနဲ့Aurora Illusion ၊ Bamboo Forest Night နဲ့Holographic Illusion ကာလာ ၃ ရောင်နဲ့လာပြီး OS ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ Funtouch OS 9.1 သုံးထားပါတယ်။
ဈေးနှုန်းအနေနဲ့RAM 6GB/64GB storage ကို ၁၅၉၈ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲ) ၊ RAM 6GB/128GB storage ကို ၁၈၉၈ ယွမ် ( မြန်မာငွေ ၄ သိန်းကျော်) နဲ့RAM 6GB/256GB storage ကို ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သိန်း ၃ သောင်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။ အမြင့်ဆုံး RAM 8GB/128GB storage ကို ၂၂၉၈ ယွမ် ( မြန်မာငွေ ၅ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။