အကြီးစားဘက်ထရီနဲ့လာတဲ့ဖုန်းပါ

အကြီးစားမျက်နှာပြင်နဲ့ဘက်ထရီပါဝါကောင်းတဲ့ OPPO A9 ကတော့ တရုတ်ဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         waterdrop notch ကို သုံးထားတဲ့ OPPO A9 ဟာ မျက်နှာပြင် ၆.၅၃ လက်မရှိပြီး နောက်ပိုင်းထွက် စမတ်ဖုန်းတွေအတိုင်း မှန်ပြင်နေရာယူမှု မြင့်တဲ့ ဖုန်းတစ်လုံးအနေနဲ့ထွက်လာတာပါ။ FullHD+ ရုပ်ထွက်ဖြစ်တဲ့ 1080x2340pixel ပါရှိပြီး display ရဲ့ အပေါ်ကို အကြမ်းခံမှုမြင့်တဲ့ Gorilla Glass 5 အုပ်ထားတာ ဖြစ်ပါတယ်။



Photo: TechnoBugg

        ကာလာပိုင်းမှာ သဘောကျစရာတစ်ခုက Mica Green ၊ Jade White နဲ့Fluorite Purple လိုမျိုး အရောင်ဆန်းတွေ ပါရှိတာပါ။ OPPO A9 မှာ သုံးထားတဲ့ processor အကြောင်း မသိရပေမယ့် GSMArena မှာတော့ Helio P70 SoC ဖြစ်မယ်လို့ပြောထားပါတယ်။ RAM 6GB ကို 128GB storage နဲ့တွဲထားပြီး Coloro OS 6.0 ပါတဲ့ Android 9 Pie နဲ့လာပါတယ်။

         OPPO A9 ဟာ ကျောဘက်မှာ dual camera တပ်ဆင်ထားပြီး ဒီကင်မရာတွေဟာ ဖုန်းကျောဘက်အလယ်မှာ ထောင်လိုက် နှစ်လုံးတွဲအနေနဲ့ထွက်လာတာ ဖြစ်ပါတယ်။ 16MP နဲ့2MP ကင်မရာနှစ်လုံးတွဲစနစ်ဟာ Portrait Mode နဲ့Colourful Mode တို့ပါရှိပြီး ရှေ့ ဘက်မှာတော့ 16MP ကင်မရာ သုံးထားပါတယ်။ တစ်ခြား features တွေအနေနဲ့GameBoost 2.0 စနစ် ၊ ကျောဘက် fingerprint scanner တို့ပါရှိပါတယ်။

         ဒီဖုန်းရဲ့ စိတ်ဝင်စားစရာတစ်ခုက 4020 mAh ဘက်ထရီပါဝါအကြီးစား သုံးထားတာ ဖြစ်ပါတယ်။ USB Type C ကနေ အားသွင်းနိုင်မယ့် ဒီဖုန်းဟာ fast charging စနစ်လည်း ပံ့ပိုးထားလို့အားသွင်းရမြန်သလို အားလည်း ခံမှာပါ။ တရုတ်ဈေးကွက်မှာ လာမယ့် ဧပြီ ၃၀ ရက်နေ့ရောင်းချသွားမယ့် ဒီဖုန်းရဲ့ ဈေးကတော့ ၁၇၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က