90Hz screen သုံးတဲ့ ရှားပါးဖုန်းပါ

Snapdragon 855+ chipset ၊ ကျောဘက်သုံးလုံးတွဲကင်မရာနဲ့အဆင့်မြင့် display သုံးထားတဲ့ OnePlus 7T ကတော့ flagship ဖုန်းဆိုပေမယ့် အလတ်စားဈေးနဲ့မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OnePlus 7T ဟာ သူ့အရင် ထွက်ထားတဲ့ OnePlus 7 Pro ရဲ့ အကောင်းဆုံး features တွေကို ပြန်ယူသုံးထားပြီး ကင်မရာနဲ့ကိုယ်ထည်အချိုး ဒီဇိုင်းတွေ ပြောင်းလာပါတယ်။ နောက်တစ်ခုက pop-up ကင်မရာစနစ်ကနေ waterdrop notch ထဲ ထည့်ထားတဲ့ selfie ကင်မရာစနစ်ကို ပြောင်းသုံးသွားတာဖြစ်ပြီး ဈေးလည်း ပိုသက်သာလာပါတယ်။

Photo: trustedreviews

မျက်နှာပြင် ၆.၅၅ လက်မရှိတဲ့ OnePlus 7T ဟာ 90Hz screen ကို သုံးထားတာ ဖြစ်ပြီး Pro မော်ဒယ်ထက်တော့ ရုပ်ထွက် resolution နည်းနည်းနိမ့်ပြီး မျက်နှာပြင်ဆိုဒ်လည်း မဆိုစလောက် သေးပါတယ်။ OnePlus 7 Pro ထက် resolution နှိမ့်ထားတယ်ဆိုပေမယ့် တောက်ပမှုပိုင်းမှာ 1000 nitsအထိ အမြင့်ဆုံး ပါရှိတာကြောင့် 800 nits ပဲ ရှိတဲ့ Pro ထက် သာနေပါတယ်။

OnePlus 7T မှာ haptic driver သစ် တင်ထားလို့ပိုပြီး သဘာဝကျတဲ့ တုန်ခါမှုပေးနိုင်ပါတယ်။ display ရဲ့ အောက်မှာ လက်ဗွေနည်းပညာ ထည့်သွင်းထားပါတယ်။ မှန်ကိုယ်ထည်နဲ့လာတဲ့ ဖုန်းဖြစ်ပေမယ့် wireless charging မပါသေးပါဘူး။ ဘက်ထရီစနစ်မှာ အရင် 30W Warp Charge ထက် ၂၃% ပိုမို မြန်ဆန်တဲ့ Warp Charge 30T သုံးလာတာကြောင့် 3800mAh ဘက်ထရီကို နာရီဝက်အားသွင်းရုံနဲ့၇၀% ရောက်စေမှာပါ။

ကင်မရာဒီဇိုင်းပြောင်းလဲမှုကတော့ အရင် ထွက်ထားတဲ့ သတင်းတွေအတိုင်း Circular setup နဲ့လာတာ ဖြစ်ပြီး စက်ဝိုင်းပုံကင်မရာထဲမှာ 48MP Sony IMX586 sensor နဲ့2x optical zoom သုံး 12MP tele ကင်မရာ ၊ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP Ultrawide ကင်မရာဆိုပြီး ကင်မရာ ၃ လုံး သုံးလာပါတယ်။

OnePlus 7T ဟာ အရာဝတ္ထုတစ်ခုကို ၁ လက်မ (၂.၅ စင်တီမီတာ) အထိ ကပ်ပြီး focus ဖမ်းနိုင်မယ့် Super Macro mode တစ်ခု ပါလာပါတယ်။ ရှေ့ဘက် notch ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပြီး processor မှာ Snapdragon 855+ သစ် သုံးထားပါတယ်။ ပြောရရင် အန်းဒရိုက်ဖုန်းတွေထဲမှာ OnePlus 7T ဟာ အမြန်ဆုံးဖုန်းတွေထဲက တစ်ခုလို့သတ်မှတ်နိုင်ပါတယ်။

Photo: androidauthority

အရောင်အနေနဲ့Glacier Blue နဲ့Forst Silverကာလာ နှစ်ရောင်နဲ့လာပြီး RAM 8GB ၊ storage 128GB/256GB တွေနဲ့ဝယ်ယူနိုင်မှာပါ။ နောက်တစ်ချက်က OnePlus 7T ဟာ Google ဖုန်းတွေပြီး Android 10 ပထမဆုံး သုံးတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ မိတ်ဆက်သွားမယ့် ဒီဖုန်းကို ရူပီး ၃၈၀၀၀ ( မြန်မာငွေ ၈ သိန်း ၂ သောင်းကျော်) နဲ့ရူပီး ၄၀၀၀၀ ( မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က