ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်း ဂါရတ်ဘေးလ်က အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘယ်လင်ဟမ်နဲ့ ပတ်သက်လို့ အကြံပေးပြောဆိုသွားခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့နွေကမှ ဒေါ့မန်ကနေ ရီးရဲလ်မက်ဒရစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
အသင်းကို ရောက်ရောက်ချင်းမှာပဲ ဘယ်လင်ဟမ်က ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပြီး ဒီရာသီ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝနဲ့ ပတ်သက်လို့တော့ ဂါရတ်ဘေးလ်က အခုလိုမျိုးပဲ အကြံပေးခဲ့တာပါ။
ဂါရတ်ဘေးလ်က “အကြီးမားဆုံး အကြံဉာဏ်ကတော့ ရီးရဲလ်မက်ဒရစ်မှာ ပွဲတွေ ကစားနေဖို့ပါပဲ။ တကယ်လို့ မင်းက ကစားခွင့်မရဘူးဆိုရင် မီဒီယာတွေ အလိုရှိတဲ့အတိုင်းသာ နေပေးလိုက်၊ သူတို့နဲ့ စကားပြော၊ သူတို့ရဲ့ ရုပ်သေးရုပ်လုပ်လိုက်ပါ”
“ဒါဆိုရင်တော့ မင်းအဆင်ပြေမှာပါ။ မင်းလည်း ကြယ်ပွင့်အများကြီးကို မြင်တွေ့ရမှာပါ။ သူတို့က ကြယ်ပွင့်တွေလိုပဲ နေထိုင်ပါတယ်။ မီဒီယာတွေ လိုချင်သလို လုပ်ပေးတယ်၊ ရီးရဲလ်မက်ဒရစ်မှာ ကစားနေရင်းနဲ့ပေါ့။ အဲ့ဒါကြောင့်လည်း ကျွန်တော် ကျဆင်းသွားတာဖြစ်နိုင်ပါတယ်”
“ကျွန်တော်ကတော့ ပွဲကန်ပြီးရင် အိမ်ပြန်တယ်။ ဒီအချက်ကြောင့်ပဲ မီဒီယာတွေက ကျွန်တော့်ကို ပိုတိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတော့ ရီးရဲလ်မက်ဒရစ်မှာဆိုရင် ကွင်းပြင်မှာလည်း ပွဲကစားရတယ်၊ မီဒီယာတွေနဲ့ ပွဲပြီးရင် စကားပြောရတယ်၊ စပိန်လိုပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။