အိတုံရဲ ချစ်သမီးလေး ထက်ထက်ကတော့ အသက် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးအတွက် သူမရင်ထဲက စကားတွေနဲ့ မွေးနေ့ဆုတောင်းပေးလာတာကို တွေ့ရပါတယ်။
Photo: Ei Tone
ဒီနေ့ (ဇွန်လ ၂၇) ရက်နေ့ က ဇာတ်ပို့သရုပ်ဆောင် အိအိတုံရဲ့ တစ်ဦးတည်းသောသမီးလေး နှိုင်းတုနဒီ(ခ) ထက်ထက်ရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ သမီးလေးရဲ့ ကျောင်းမှာ မေမေအိတုန်က မွေးနေ့ ကိတ်လေးခွဲရင်း ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတစ်ခု လုပ်ခဲ့တယ်လို့ဆိုပါတယ်။
‘’သမီးလေးရဲ့မွေးနေ့ကိုကျောင်းမှာလုပ်ပေးဖြစ်တယ်။ ဆရာမတွေလည်းဂါဝရပြု၊ သမီးလေးပျော်နေတာမြင်တော့ဒီမေမေရဲ့ရင်ထဲ အရည်တွေပျော်ပြီလေ။ ညနေပိုင်းအစီအစဉ်ကတော့ ဘုရားသွားပီးလှူပေးမယ်’’ ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သမီးလေးရဲ့ မွေးနေ့ပွဲ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Ei Tone
အဲဒီနောက် သမီးလေးအတွက် အစောဆုံး Birthday Wish ကိုလည်း အိတုံရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၂၇ ရက်နေ့ ည ၁၂ နာရီ ၁၂ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။ သမီးလေးအတွက် သူမရင်ထဲက အကြောင်းအရာတွေကိုလည်း ရင်ဖွင့်စကားဆိုထားပါသေးတယ်။
‘’Happy Birthday မေမေတစ်ဦးတည်းသောချစ်သမီးအသည်းကျော်လေးရေ ဒီမေမေရဲ့ဘဝထဲမမျှော်လင့်ဘဲရောက်လာခဲ့တယ်။ မွေးထဲကခုချိန်ထိမေမေတို့ကိုသုခတွေပဲယူ ဆောင်လာပေးတဲ့သမီး ဘုရားပေးတဲ့ဆုလာဘ်လေးဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် အရမ်းချစ်တယ်သမီး လေးရယ်။ မေမေသမီးကိုလူလားမြောက်အောင်လူအောက်မကျ အောင်တတိုင်းရတဲ့သမီးလေးဖြစ် အောင်မေမေပြုစုပျိုးထောင်ပေးမယ်လို့ကတိပေးပါတယ်’’လို့ သူကဆိုပါတယ်။
Photo: Ei Tone
အိတုံက သူမရဲ့ အလုပ်ကြိုးစားမှုတိုင်းက သမီးလေးအတွက်ပါပဲလို့ ဆိုပါတယ်။ သမီးလေးအတွက်ကိုပဲ အလုပ်တွေ ပိုကြိုးစားသွားမယ်လို့ ပြောပြလာပါတယ်။
‘’မေမေကြိုးစားမယ် ဒီထက်ပိုပီးလည်းကြိုးစားမယ်။ မေမေသမီးလေးရှေ့ရေးအတွက် သမီးကမေမေအတွက်ခွန်အား မေမေကတော့ချစ်သမီးလေးမွေးနေ့တိုင်းမှာဆုတောင်း ချင်တယ်။ မေမေသမီးလေးသက်ရှည်အနာမဲ့ပါစေပညာတတ်ကြီးဖြစ်ပါစေလို့မေမေဆန္ဒ ကိုတော့ချစ်သမီးက ကြီးတဲ့အထိကြိုးစားပေးပါ။ မေမေသမီးကိုပြည့်စုံအောင်ထားနိုင်ဖို့နဲ့ မိဘမေတ္တာပေးနိုင်ဖို့ ကဖေဖေနဲ့မေမေနဲ့တာဝန်ပါ။ အရမ်းချစ်တယ်။ မေမေသမီးလေး တတိုင်းရသောသူဖြစ်ပါစေ’’ လို့ ဆိုပါတယ်။
Photo: Ei Tone
သူမရဲ့ သမီးလေးကတော့ အခုလက်ရှိမှာ Future Stars Pre-School မှာ မူကြိုတက်နေတာဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။