ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အိတုံတစ်ယောက် သမီးချောလေးရဲ့ အောင်မြင်မှုကြောင့် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ သူမရဲ့ သမီးလေးကလည်း အရမ်းကို ချစ်စရာကောင်းသူလေးပါ။
Photo: Ei Tone
ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အိတုံက ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ သမီးလေးဟာ မူကြိုကျောင်းမှာ မင်းသမီးလေးဖြစ်နေတာ တွေ့လို့ ဝမ်းသာပီတိဖြစ်တဲ့အကြောင်းတွေပြောထားပါတယ်။
‘’သမီးလေးတက်တဲ့ကျောင်း သမီးကကျောင်းမှာကွင်းဖြစ်မှန်းခုမှသိတယ်။ သမီးပုံနဲ့ဆရာမတွေက ဗီနိုင်းထုတ်ထားတာတဲ့ အသင်ပြလည်းကောင်းတယ်ပီးတော့အဓိကကစိတ်ချရတယ်ဆရာမတွေကြီးဘဲ ကလေးတွေပေါ်စိတ်ရှည်တယ်’’ ဆိုပြီးတော့ အိအိတုန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲက တင်ခဲ့တာဖြစ်ပါတယ်။
Photo: Ei Tone
သူမရဲ့ သမီးလေးကတော့ အခုလက်ရှိမှာ Future Stars Pre-School မှာ မူကြိုတက်နေတာဖြစ်ပါတယ်။ သမီးလေးရဲ့ ဓာတ်ပုံကိုလည်း ကျောင်းရဲ့ Vinyl မှာ တင်ထားတာကို တွေ့ရပါတယ်။ အိတုံကလည်း သမီးချောလေးအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေပါတယ်။ သူမရဲ့ သမီးလေးကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက Comment ကနေတဆင့် ဝမ်းသာဂုဏ်ယူတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
Photo: Ei Tone
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။