အခုတော့ ဇာတ်ကားတွေ ပြန်ရိုက်နေပါပြီ။

သွန်းဆက်ဟာ မိခင်ရဲ့ ကျန်းမာရေးကို အဓိက ဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေး နေခဲ့ပါတယ်။ ၂၀၁၉ က စပြီး ဇာတ်ကားတွေ ရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။

Photo: သွန်းဆက်



သွန်းဆက်ဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားထားခဲ့တာပါ။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးကလည်း သူမအတွက် စိတ်ပင်ပန်းစရာ နှစ်တစ်နှစ်ဖြစ်ခဲ့တဲ့ အကြောင်း မီဒီယာတွေကနေတဆင့် ရင်ဖွင့်ပြောပြလာပါတယ်။

'' အမေ့ကျန်းမာရေး ကြောင့် တစ်နှစ်လုံး အလုပ် လုံးဝမလုပ်ဘူး။ အမေ့ကျန်းမာရေးအတွက် လုပ်ပေးမယ့် ကိုယ်ကလည်း တစ်ယောက်တည်းရှိတဲ့အတွက် ဘေးမှာပဲ တောက်လျှောက်နေနေရင်းက အလုပ်တွေလည်း လစ်ဟင်းတာပေါ့နော်။ ပြီးတော့ အချစ်ရေးလဲ မကောင်းတဲ့ နှစ်ဆိုတော့ အဲ့ဒီနှစ်ကို သွန်းဆက် မေ့လိုက်ပြီ'' လို့ သူကဆိုပါတယ်။

 

Photo: သွန်းဆက်

သွန်းဆက်က လက်ရှိမှာလည်း မိဘကို လုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကို အဓိက ထားပြီး ဇာတ်ကား ၃ ကားသာရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' တစ်နှစ်လုံးမှာမှ ၃ ကားပဲ ရိုက်လိုက်ရတာပါ။ ဘာကြောင့်လဲဆိုတော့ ဟိုမှာက အဖွဲ့နဲ့ အလုပ်လုပ်ရတာ။ ကိုယ့်တစ်ယောက် တည်း အတွက်နဲ့ စောင့်ခိုင်းရတာတွေ၊ ရက်ရွှေ့ရတာတွေ ရှိတော့ မလုပ်ချင်တော့ဘူး။ ဒီအချိန်မှာ အမေက အရေးကြီးတယ် ဆိုပြီးတော့ တကယ်ကို တစ်နှစ်လုံး ဘာမှ မလုပ်လိုက်ရတာ'' လို့ ဆိုပါတယ်။

 

Photo: သွန်းဆက်

၂၀၁၈ ခုနှစ်ဟာ ကံမကောင်းခဲ့တဲ့ နှစ်ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်က သွန်းဆက်အတွက် ကောင်းတဲ့ နှစ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောပြလာပါတယ်။

'' ၂၀၁၉ မှာ ကံကောင်းပြီလို့တော့ သွန်းဆက်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၈ ကုန်ခါနီးလောက်ကတည်းက သွန်းဆက် ကို အလုပ်တွေ ချိတ်တယ်။ စရံတွေလာပေးကြတယ် အဲ့ဒီလို တောက်လျှောက်ဝင်နေတာဖြစ်တဲ့အတွက် ကံကောင်းပြီလို့ ထင်ပါတယ်''လို့ ရင်ခွင်ရှင်းတမ်း ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

Photo: သွန်းဆက်

သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က