မယ်လိုဒီဟာ သူမရင်ထဲက ဖြစ်ပေါ်လာတဲ့ မိဘကျေးဇူးဆိုတာ မွေးပြီးလို့ ပစ်ထားခဲ့ရင်တောင်မှ မုန်းတဲ့စိတ်နဲ့ မကြည့်ပါနဲ့လို့ ဆိုပါတယ်။ ဘုရား၊ တရားကိုလည်း မမေ့ကြစေဖို့ အခုလို အကြံပြုစကားပြောထားပါသေးတယ်။
Photo: Melody
သရုပ်ဆောင် မယ်လိုဒီက သူမခံယူထားတဲ့ မိဘကျေးဇူးဆိုတာကို အခုလို ဖွင့်ပြောပြလာပါတယ်။ မိဘဆိုတာ ကိုယ်ဝန်ဆောင်ထားချိန်ကစပြီး မွေးဖွားလာခဲ့နိုင်တာနဲ့တင် ကျေးဇူးတရားကြီးနေပြီလို့ ရင်ဖွင့်စကားဆိုလာပါတယ်။
‘’မိဘကျေးဇူးဆိုတာ စပြီးကိုယ်ဝန်ရှိကတည်းကဖျက်မချဘဲ မွေးခဲ့တာနဲ့တင် ကျေးဇူးကြီးမားလှပါပြီ။ လူတန်းစေ့မထားနိုင်တာ ပညာမသင်ပေးနိုင်တာ ငယ်ငယ်ရိုက်ခဲ့တာတွေ ထမင်းနပ်မမှန်တာတွေ ရှိနေခဲ့ရင်တောင် ကျေးဇူးကြီးမားလှပါတယ်။အသက်ရှင် နေသရွေ့ ဘယ်အရာမဆိုကြိုးစား လို့ရပါတယ်။ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုကိုယ်လည်းအပြစ်မတင်ပါနဲ့၊ ဒုက္ခ ပြဿနာဖြစ်လေ ဘုရားများများဝတ်ပြုပါ၊ပြဿနာချက်ခြင်း ဖြေရှင်းနိုင်ပြီး ဒုက္ခကင်းမယ်လို့တော့ အာမမခံပါဘူး။ ဒါပေမယ့် စိတ်ထားနိုင်သလောက် ပိုပြီးတည်ငြိမ်လာပြီး ဒုက္ခ ပြဿနာ စိတ်အေးအေးနဲ့ဖြေရှင်းနိုင်ပါလိမ့်မယ်။ အနည်းဆုးံတော့ ကျန်းမာရေးမထိခိုက်ဘူးပေါ့’’ လို့ ဆိုပါတယ်။
Photo: Melody
ဘုရား၊ တရားကိုလည်း မှန်မှန် လုပ်ဖို့၊ မမေ့ဖို့ကိုလည်း မယ်လိုဒီက အကြံပြုစကားပြောထားပါတယ်။ မိဘမဲ့ကလေးဖြစ်ရင်တောင်မှမိဘကို မမုန်းပါနဲ့လို့လည်း မေလ ၁၉ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
‘’ဟင်းချက်နေရင်းလည်း ဘုရားစာရွတ်ပါ။ ကားစီးချိန်လည်းရွတ်ပါ။ အိပ်ယာထဲလည်း ရွတ်ပါ။ ရေချိုးလည်းရွတ်ပါ၊ ရေအိမ်ဝင်ချိန်လည်းရွတ်ပါ၊ အမြဲရွတ်နေရင့်အကျင့်ကောင်းလေးက သတိကပ်နေရော၊ အာရုံတော့လွင့်နေတတ်ပါတယ်။ ဒါပေမယ့် အကုသိုလ်ကင်းတဲ့ဘက်ပိုရောက်ပါတယ်။ လိုရင်းပြောချင်တာ မိဘကိုချစ်ကြပါလို့ နောက်ဆုးံမွေးပြီး ပစ်ထားခဲ့ရင်တောင် မမုန်းကြပါနဲ့’’ လို့ ဆက်လက်ပြောပြထားပါသေးတယ်။
Photo: Melody
အဲဒီနောက် ဒီအတွေးအခေါ်တွေဟာ သူမရဲ့ ကိုယ်တွေ့ခံစားချက်တွေသာ ဖြစ်တယ်လို့ မယ်လိုဒီက ပြောပါတယ်။
‘’ကျွန်မနှလုးံသားကဒဏ်ရာကို ကျွန်မကိုယ်တိုင်ကုမှပျောက်တာပါ(ဘုရားကု) ကိုယ်ပိုင်ခံစားချက်များကိုမျှဝေတာပါရှင်။ လူတွေအားလုးံက ကိုယ့်ကိုမချစ်ကြဘူးဆိုရင်တောင် ကိုယ်ကဘဲ လူတွေအားလုးံကိုချစ်ဖို့ကြိုးစားလိုက်ပါ မေတ္တာထားလိုက်ပါ။ဒါကြောင့် ကိုယ့်တိုင်တည်ဆောက်တဲ့ကိုယ့်ကမ္ဘာ၊ ကိုယ်တိုင်မိဘဖြစ်လာရင်သာ အစွမ်းကုန်ဖြည့်ဆည်းပေးလိုက်ပါ၊ ကိုယ့်မိသားစုကမ္ဘာကြီးလှပနေမှာပါ။’’ လို့ ဆိုပါတယ်။
Photo: Amazing Grace
မယ်လိုဒီ ဟာ ဘုရား၊တရားကိုလည်း လေးလေးနက်နက်ဆောင်ရွက်တတ်သူဖြစ်သလို သူမရဲ့ တစ်ဦးတည်းသော သားလေး သဒ္ဓိစစ်ကိုလည်း ဘုရား၊တရား မမေ့အောင် သင်ကြားပြသလျှက်ရှိတာ တွေ့ရပါတယ်။ မယ်လိုဒီက လက်ရှိမှာ အနုပညာအလုပ်တွေထက် မိသားစုတွေကို အချိန်ပေးနေတာတွေ့ရပါတယ်။