သမီးဦးလေး မွေးချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။

Photo: ငယ်ငယ်ဖေ့စ်ဘွတ်

 

အဆိုတော်ငယ်ငယ်ရဲ့ သမီးဦးရတနာလေး ပိုးဝလ္လာဘို လေးကတော့ ဇွန်လ ၂၃ ရက်နေ့တုန်းက ရက်(၁၀၀) ပြည့်သွားပြီလို့ သိရပါတယ်။ သမီးလေးကိုတော့ ၂၀၁၈ခုနှစ် မတ်လ ၁၅ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။  သမီးလေးကိုတော့ ချစ်စနိုးနဲ့ Riley , ပိုးလေး ဆိုပြီးတော့ အိမ်ခေါ်နာမည်ပေးထားပါတယ်။ သမီးဦးလေးရဲ့ ပေါင်အလေးချိန်ကတော့ ၅ပေါင်ပြည့်ဖို့ ၁အောင်စပဲ လိုတယ်လို့ သိရပါတယ်။

''သမီးလေး ပိုးဝလ္လာဘို ရက် ၁၀၀ပြည့်'' ဆိုပြီးတော့ ငယ်ငယ်က ဇွန်လ ၂၃ ရက်နေ့ နေ့လည် ၂ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ရက် ၁၀၀ ပြည့်ဆိုတာကို သူ့ရဲ့ ပရိသတ်တွေကို အသိပေးရင်း သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးကိုလည်း တင်ခဲ့တာဖြစ်ပါတယ်။

Photo: ငယ်ငယ်ဖေ့စ်ဘွတ်

သမီးလေးပုံ အမြဲမတင်ဖြစ်တဲ့အကြောင်း ရှင်းပြလိုက်တဲ့ ငယ်ငယ် 

ငယ်ငယ်ဟာ သမီးဦးလေးမွေးဖွားချိန်မှာ အရမ်းကို ဒုက္ခရောက်ခဲ့ရပြီး အခက်အခဲတွေလည်း အများကြီးကြုံခဲ့ရတယ်လို့ သိရပါတယ်။ သမီးလေး အနေနဲ့ ဆေးရုံမှာ ရောဂါစစ်ဆေးမှု ခံယူခဲ့ရတာ ၁ လခွဲလောက် ကြာခဲ့ပြီး အခုချိန်အထိလည်း ဂရုတစိုက်ရှိနေရဆဲ ဘဲ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာဘဲ ထပ်မံရေးသားထားတာဖြစ်ပါတယ်။ သမီးဦးလေးကို မွေးဖွားခဲ့တဲ့ ဆေးရုံနာမည်ကိုတော့ ရေးသား ထား ခြင်းမရှိပါဘူး။

Photo: ငယ်ငယ်ဖေ့စ်ဘွတ်

 

အဆိုတော်ငယ်ငယ်ကတော့ X- Factor ပြိုင်ပွဲကြီးရဲ့ Season 1 မှာလည်း အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ်ပါဝင်ဖြစ်ခဲ့သလို ဒုတိယအကြိမ်မြောက်ကျင်းပတဲ့  X- Factor ပြိုင်ပွဲကြီးမှာလည်း အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ဆက်လက်တာဝန် ယူဆောင်ရွက် လျှက်ရှိတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေထက် သမီးလေးကို ပိုပြီးတော့ ဂရုစိုက်နေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က