ဂျာနယ်မျက်နှာဖုံးမှာ ပါလာတဲ့အတွက်ပါ။

သရုပ်ဆောင် စမိုင်းလ်ဟာ ဂျာနယ်မျက်နှာဖုံးမှာပါလာတဲ့ သမီးအတွက် ဂုဏ်ယူလို့နေပါတယ်။ သမီးလေးရဲ့ ပုံတွေကြည့်ပြီး ပီတိဖြစ်နေတယ်လို့လည်း စမိုုင်းလ်က ဆိုပါတယ်။ 

Photo : စမိုင်းလ် FB

သရုပ်ဆောင် စမိုင်းလ်ဟာ ဂျာနယ်မျက်နှာဖုံးမှာ Cove Model တစ်ယောက်အဖြစ် ပါလာတဲ့ သမီးကြီး Portia အတွက် ဂုဏ်ယူလို့နေပါတယ်။ စမိုင်းလ်ရဲ့ သမီးကြီးဟာ အနုပညာဝါသနာပါသူတစ်ဦးပါ။ စမိုင်းလ်က သမီးလေးရဲ့ ပုံတွေကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။

မိဘတိုင်းရဲ့ပီတိ သမီးလေးအတွက် ဂုဏ်ယူရတဲ့အချိန်..ကိုယ်ကသမီးလေးပုံတွေကြည့်ပြီး ပီတိဖြစ်နေတဲ့အချိန် သူ့အဖေက ရန်ကင်းတစ်ခွင်ပြဲပြဲစင် သူ့သမီးဂျာနယ်တွေ လိုက်ဝယ်နေရှာတယ်” ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : စမိုင်းလ် FB

စမိုင်းလ်ရဲ့ သမီးကြီး Portia ဟာ မိခင်လိုပဲ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ စမိုင်းလ်က လက်ရှိမှာတော့ သမီးကို Photo Model တစ်ယောက်အဖြစ်သာ ရပ်တည်စေချင်တာပါတဲ့

“သမီးက အခု အသက်(၁၄) နှစ်ပဲ ရှိသေးတော့ မင်းသမီးလုပ်ဖို့ဆိုရင် နည်းနည်းတော့ စောင့်ရမယ်ထင်တယ်။ အခုလက်ရှိတော့ သူ့ကို Photo Model ပဲ လုပ်စေချင်သေးတယ်။ ပြီးတော့ သမီးက လူနည်းနည်းကြောက်တယ်။ လူမကြောက်အောင် သင်ပေးနေရတယ်။ စကားပြောလည်း အေးတယ်” ဆိုပြီး ဇန်နဝါရီ(၂၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ “တရုတ်မလေးကိုချစ်တယ်” ဇာတ်ကား Press Show မှာ ပြောခဲ့ပါတယ်။

Photo : စမိုင်းလ် FB

စမိုင်းလ်ရဲ့သမီးကြီး Portia က ဇန်နဝါရီလထဲမှာ အသက်(၁၄)နှစ် ပြည့်သွားခဲ့တာပါ။ ညိုချောလေးဖြစ်တဲ့ စမိုင်းလ်ရဲ့ သမီးလေးဟာ အခုဆိုရင် ပရိသတ်တွေရဲ့ သတိပြုမှုကို စတင်ရရှိနေပြီလို့ ပြောရမှာပါ။

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

Share

Loading Next Article...
က္က