ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အလှူလုပ်ခဲ့တာဖြစ်ပါတယ်။

ကြာစိတို့ ဇနီးမောင်နှံက သမီးလေး ဆုသဒ္ဓါမြတ်နိုးရဲ့ အသက် ၄ လပြည့် မွေးနေ့အမှတ်တရအဖြစ် မွန်မြတ်တဲ့ အလှူဒါနတွေ ဆောင်ရွက်ခဲ့ကြတာကိုတွေ့ရပါတယ်။

Photo: ဆုဟန်နီဖြိုး

ဟာသသရုပ်ဆောင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ရဲ့ သမီးလေး ဆုသဒ္ဓါမြတ်နိုးက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ၄ လပြည့်ခဲ့တယ်လို့ သိရပါတယ်။ သမီးလေးအတွက် ဖေဖေ ကြာစိနဲ့ မေမေတို့က ပုပ္ပါးရွှေမကျည်းတောမှာ တည်နေတဲ့ ဘုရားဌာပနာအတွက် မွန်မြတ်တဲ့အလှူဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

‘’ချစ်သမီးလေး ၄လပြည့် ပုပ္ပါးရွှေမကျည်းတောမှာ တည်နေတဲ့ ဘုရားဌာပနာအတွက် သမီးဖေဖေက သူ့ရဲ့ ငါးလေးလှူတော့ မေမေလည်း လက်မှာဝတ်ထားတဲ့ မေမေ့စိန်လက်စွပ်လေးချွတ်ပြီး လှူခဲ့တယ်။ သမီးရဲ့ လေးလပြည့် မွေးနေ့အလှုလေး နတ်လူ သာဓုခေါ်ဆိုပြီး ကောင်းမှုကုသိုလ် အစုစု မိမိနှင့် ထပ်တူထပ်မျှ ရရှိနိုင်ကြပါစေ’’ ဆိုပြီးတော့ ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်က ရေးသားထားတာ ဖြစ်ပါတယ်။

Photo: ဆုဟန်နီဖြိုး

ကြာစိတစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတာကြောင့် ချစ်ဇနီးနဲ့ သမီးလေးကို မကြာခဏ ခွဲခဲ့ရသူပါ။ ရိုက်ကူးရေး မရှိတဲ့နေ့တွေ အိမ်ပြန်ရောက်တဲ့အချိန်မှာ သမီးလေးကို အလွမ်းသယ်ပြီး လက်ကမချနိုင်တော့ဘူး ဆိုတာကိုလည်း ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသား ခဲ့ဖူးပါတယ်။ အခုချိန်မှာလည်း ကြာစိက ပုပ္ပါးမှာ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo: ဆုဟန်နီဖြိုး

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးတို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ မှာ ကြာစိက အသက် ၄၀ ပြည့်ခဲ့ပါပြီ။ သူဟာ အနုပညာအလုပ်တွေလုပ်နေရတဲ့ အပြင် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ထီဆိုင်ကိုပါ ဦးစီးနေရသူဖြစ်ပါတယ်။ ထီဆိုင်ကိုတော့ တောင်ကြီးမြို့မှာ ဖွင့်လှစ်ထားတာပါ။

Photo: ဆုဟန်နီဖြိုး

ကြာစိဟာ 5 Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိထားတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့သာမက ဟာသလူရွှင်တော် တစ်ယောက်အဖြစ်နဲ့ပါ ဆက်လက် ရပ်တည်လျက်ရှိပါတယ်။ ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းကလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က