Ivy လေးက အရမ်းကို ချစ်စရာကောင်းတယ်။

မေမေ အေသင်ဟာ သမီးလေး Ivy ရှိရုံနဲ့ သူမရဲ့ ဘဝက ပြည့်စုံနေပါပြီတဲ့။ မကြာသေးခင်က အေသင့်ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကို သီချင်းဖွဲ့ဆိုထားတဲ့ ‘’ Never Give Up’’ ဆိုတဲ့ သီချင်းကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါတယ်။

အေသင်ချိုဆွေက လက်ရှိမှာ သမီးလေး Ivy ကို ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ သမီးလေးအတွက် သူမရဲ့ အခက်အခဲတိုင်းကိုလည်း ရင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။

‘’မေမေက အလုပ်လုပ် Vy_Vyက အလုပ်ရှုပ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဘယ်သူတွေကပဲ တိုက်ခိုက် တိုက်ခိုက် မေမေ့မှာ IVYလေးတစ်ယောက် ရှိနေရုံနဲ့ ဘယ်အရာမဆို ရင်ဆိုင်သွားနိုင်ဖို့ လုံလောက်ပါတယ်’’ ဆိုပြီးတော့ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

အေသင်ချိုဆွေရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Never Give Up ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီသီချင်းလေးကို ဧပြီလ ၂၇ ရက်နေ့က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ ဘဝ ဖြတ်သန်းမှုတွေကို သီချင်းအဖြစ် ဖွဲ့ဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

‘’အေသင် တကယ်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ True_Story အစိတ်အပိုင်းတစ်ချို့ကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ #Never_GiveUpလို့ အမည်ပေးထားတဲ့ သီချင်းလေးပါ။ ပရိသတ်အားလုံး အတွက် နှစ်ဟောင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ စိတ်ဓာတ် ကျစရာတွေ , စိတ်ညစ်စရာတွေ , ဘဝအခက်အခဲတွေ လောကဓံမျိုးစုံအဖုံဖုံတို့အတွက် အခုလို နှစ်ဟောင်းအကုန် နှစ်သစ်ကူးကာလလေးမှာ အေသင်ချစ်ရတဲ့ဂီတနဲ့ #NeverGiveUp (ဘယ်သောအခါမှ_အရှုံးမပေးနဲ့)ဆိုတဲ့ Messageလေးနဲ့အတူ ပရိသတ်ကြီးအားလုံးကို ခွန်အားပေးချင်ပါတယ်’’ လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

 အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Share

က္က