၇လပိုင်းမှာ မွေးတော့မယ်လို့ သိရပါတယ်။

စန္ဒီမြင့်လွင်က သူ့ရဲ့ သမီးလေးကို ဇွန်လအတွင်းမှာ မွေးဖွားမှာဖြစ်ပါတယ်။ အခုချိန်မှာလည်း မိခင်တစ်ယောက်ရဲ့ မေတ္တာထက် မိခင်ဖြစ်သူကို ပိုပြီးတော့ ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။

Photo: Sandy Myint Lwin

အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇွန် လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇ လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။


Photo: Sandy Myint Lwin

အစကတည်းက မေမေ့ကိုချစ်တဲ့ သမီးတစ်ယောက်ဖြစ်လို့ ကိုယ်ဝန်ရရှိတဲ့အချိန်မှာလည်း မေမေ့ကို ပိုပြီးတော့ ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။

‘’အခုချိန်ကျတော့ ကိုယ်က အမေကို အရမ်းတွယ်ပြီးတော့ ကိုယ့်အမေကို အရမ်းကိုယ်ချင်းစာတယ်၊ ကိုယ့်စိတ်ထဲမှာ အရမ်း အဲဒီလိုဖြစ်နေတာပေါ့။ သမီးလေးကိုလည်း ကျန်းကျန်းမာမာကောင်း ကောင်းမွန်မွန်ဖြစ်စေချင်တယ်။’’ လို့ ဆိုပါတယ်။

Photo: A Linn Yaung

အဲဒီနောက် မိခင်ဖြစ်သူကလည်း သမီးလေးကို အရမ်းချစ်တဲ့အကြောင်း စန္ဒီမြင့်လွင်က ပြောပြလာပါတယ်။ မိန်းကလေး ဖြစ်တာကြောင့်လည်း မိသားစုတွေက ပိုပြီးတော့ ပျော်တယ်တဲ့။

‘’အမေကလည်း စားလည်းစားရမယ် ပြီးတော့ အကောင်းဆုံးတွေလုပ်ပေးချင်တယ်။ အစ်ကိုတွေက မွေးထားတဲ့ ကလေးတွေကိုလည်း သူ အရမ်းချစ်တယ်။ ပြီးတော့ ဒီးဒီက အငယ်ဆုံးသမီးဆိုတော့ ဒီးဒီ မွေးလာမယ့် သမီးလေးကိုလည်း အရမ်းချစ်တယ်။ မိန်းကလေးလည်းဖြစ်တော့ အရမ်းပျော်ကြတာပေါ့နော်’’ လို့ သူက ဆိုပါတယ်။

Photo: A Linn Yaung

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Share

Loading Next Article...
က္က