အနုပညာအလုပ် မလုပ်ခိုင်းဘူးရယ်တော့မဟုတ်ပါဘူး။

ဖိုးသောကြာ ကတော့ အနုပညာအလုပ်ကို ဝါသနာပါတဲ့ သမီးလေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

မြန်မာသံစဉ်သီချင်းတွေနဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အဆိုတော် ဖိုးသောကြာကတော့ သားသမီး နှစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်ပါတယ်။ သူ့ရဲ့ သမီးကြီးဖြစ်တဲ့ ရွှေသုကို Duwun Media က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။



‘’သမီးလေးက အခုဆိုရင် ၄ နှစ်ရှိပါပြီ။ နာမည်ကတော့ ရွှေသုပါပဲ။ သမီးလေးကိုတော့ အနုပညာအလုပ်တွေ လုပ်ခိုင်းတယ်၊ မလုပ်ခိုင်းဘူးရယ်လို့တော့ မရှိပါဘူး။ ငယ်သေးတဲ့အချိန်မှာတော့ ဘာမှ မလုပ်ခိုင်းထားပါဘူး။ ကြီးလာရင်တော့ ဝါသနာပါရင် လုပ်ခိုင်းမှာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရွှေFM ၁၀နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လက်ရှိမှာလည်း ဖိုးသောကြာဟာ မြန်မာသံစဉ်သီချင်းတွေ ဖန်တီးနေတုန်းပဲလို့ ဆိုပါတယ်။ မကြာခင်မှာလည်း တစ်ကိုယ်တော် အခွေ ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

‘’ ကျွန်တော်က အခု အခွေထွက်ဖို့လုပ်နေတယ်။ ဒီလကုန်လောက်ထွက်ဖြစ်မလား၊ လဆန်းလောက် ထွက်ဖြစ်မလားတော့ မသိပါဘူး။ ထွက်မယ့်ရက်ကိုတော့ တိတိကျကျမပြောချင်သေးဘူး။ ထွက်ခါနီးမှပဲ ပြောပါရစေ။ ပရိသတ်တွေ ကျန်းမာပါစေ စီးပွားလာဘ်လာဘတွေ ပေါများကြပါစေပေါ့ ဒါကတော့ အဓိက ဆုတောင်းပေးတာပါ’’ လို့ သူကဆိုပါတယ်။

ဖိုးသောကြာဟာ နာမည်ကျော်ရုပ်ရှင်မင်းသားကြီးတစ်ယောက်လည်းဖြစ်၊ အောင်မြင်မှုများစွာပိုင်ဆိုင်ခဲ့တဲ့ မြန်မာသံစဉ်အဆိုတော်ကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးသုမောင်ရဲ့ သားဖြစ်ပါတယ်။ ဒါကြောင့် ဖိုးသောကြာကိုလည်း မြန်မာသံစဉ်သီချင်းတွေဆိုတဲ့ အဆိုတော် တစ်ဦးအဖြစ် လူသိများလှပါတယ်။ အရင်တုန်းကလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က