ဇူလိုင်လ ၁၄ ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာပါ။

စန္ဒီမြင့်လွင်ဟာ သမီးလေးကို မွေးဖွားပြီး ၄ ရက်အကြာမှာ ဆေးရုံက ဆင်းပြီလို့ဆိုပါတယ်။ သူမဟာ သမီးလေးကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Kingsman



စန္ဒီမြင့်လွင်က ဇူလိုင်လ ၁၈ ရက်နေ့မှာ သမီးလေးနဲ့အတူ ဆေးရုံကနေ အိမ်ကိုပြန်ရောက်ပြီလို့ ဆိုပါတယ်။ သမီးလေးကို မွေးဖွားချိန်မှာ လိုလေသေးမရှိအောင် ကူညီပံ့ပိုးပေးခဲ့ကြသူတွေကိုလည်း သူမက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’သမီးလေးကိုမွေးဖွားပြီးဆေးရုံကဆင်းပါပြီရှင်။ အစစအရာရာအရမ်းဂရုစိုက်တဲ့ OGဆရာမကြီးDr ဒေါ်မေသူမျိုးညွှန့်နဲ့အဖွဲ့သားများ ကလေးဆရာဝန်ကြီးအန်တီဒေါ်မြမြအုန်းနှင့် ပန်းလိူင်ဆေးရုံမှ အစ်မမသက်နဲ့တစ်ကွ မဖြူ ကိုအောင်နိုင်ထွန်းတို့Team တစ်ဖွဲ့လုံး ကလေးရောမိခင်ပါ လိုလေသေးမရှိဂရုစိုက်ပေးကြတဲ့ ဆေးရုံမိသားစုများနဲ့အထူးသူနာပြုအဖွဲ့များ၊ ဆေးရုံတက်နေစဉ်ကာလတစ်လျှောက်လုံးသတင်းမေးကြလာကြည့်ပေးကြ အားပေးကြတဲ့မိဘဆွေမျိုးများ ဒီဒီရဲ့ပရိတ်သတ်အားလုံး၊သမီးလေးကိုရော၊ဒီဒီကိုရောဂရုတစ်စိုက်ရှိပေးကြတဲ့အတွက်တစ်ယောက်ချင်းစီတိုင်းအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်။ FB,instagram မှ ဆုမွန်ကောင်းတောင်းပေး ကြတဲ့မိတ်ဆွေများချစ်သူခင်သူများပရိတ်သတ်များအားလုံးကျေးဇူးပါတင်ပါတယ်ရှင့်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Photo: Kingsman

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ပန်းလှိုင် ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းကြတယ်ဆိုတာကိုလည်း ဓာတ်ပုံနဲ့ တကွ တင်ခဲ့တာပါ။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါတယ်။

Photo: Kingsman

သူမဟာ သမီးလေး မမွေးခင်ကတည်းက အလှူအတန်းတွေ များများလုပ်ခဲ့သူ တစ်ဦးပါ။ အဲဒါအပြင် သမီးလေး ကြီးလာရင် နေဖို့ အခန်းတွေ၊ သမီးလေးအတွက် ကလေးအဝတ်အစားတွေ၊ ကစားစရာတွေ နဲ့ အသုံးအဆောင်အားလုံးကို စုဆောင်းထားပြီးသားဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပဲ ဘာကလေးလေးဖြစ်မယ်လို့ မသိရသေးခင်အချိန်ထိ သမီးလေး အရမ်းလိုချင်ခဲ့တာပါ။ ဒါပေမယ့် အန်ထရာဆောင်း ရိုက်ပြီးချိန်မှာတော့ သမီးလေးလို့ သိလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျခဲ့ရတဲ့အထိ ဝမ်းသာနေခဲ့ရသူပါ။ သမီးလေး နာမည်ကိုလည်း ချစ်စနိုးနဲ့ Treasure လို့ နာမည်ပေးထားပါတယ်။

Photo: Kingsman

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က