ပရိသတ်အချစ်တော်လေးတစ်ယောက်ပါ။

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာနဲ့ သန်လျင်သဘာဝ ရိပ်သာ မှာရှိတဲ့ ဘိုးဘွားတွေကို သွားရောက်လှူဒါန်းမယ် လို့ ဆိုပါတယ်။ ဒီအကြောင်းကိုလည်း အေသင်ချိုဆွေရဲ့ အနုပညာ မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ကိုမင်းကိုရဲ့ ဖေ့စ်ဘွတ်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အဆိုတော် အေသင်ချိုဆွေရဲ့ သမီးလေး Ivy က သြဂုတ်လ ၂၅ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ တစ်နှစ်ပြည့် မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ မွေး နေ့ အလှူကိုတော့ ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာနဲ့ သန်လျင် သဘာဝရိပ်သာမှာရှိတဲ့ ဘိုးဘွားတွေကို သွားရောက်လှူဒါန်းမယ် လို့ ဆိုပါတယ်။



သမီးလေးရဲ့ မွေးနေ့ မတိုင်ခင် သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ကျော်က အေသင်ချိုဆွေက သွားရောက်လှူဒါန်းဖို့ အသင့်တော်ဆုံး နေရာတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် သူ့ရဲ့ ပရိသတ်တွေကို မေးခဲ့ပါသေးတယ်။

'' ivy လေး၁နှစ်ပြည့် အလှူလေးလုပ်ချင်လို့ တကယ်လိုအပ်တဲ့နေရာ ၂နေရာလောက် သိရင်မန့်မှာ အကြံပြုပေးကြပါဦး'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အဲ့ဒီနောက် အေသင်ချိုဆွေရဲ့ အနုပညာမိတ်ဆွေ တစ်ဦးဖြစ်တဲ့ အနုပညာသစ်ပြတိုက် ဖောင်ဒေးရှင်းရဲ့ ဦးဆောင်သူ ကိုမင်းကိုရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ တဆင့် Ivy လေးရဲ့ မွေးနေ့ အလှူကို သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက ကြေညာခဲ့တာဖြစ်ပါတယ်။

'' အဆိုတော်အေသင်ချိုဆွေရဲ့သမီးလေးတစ်နှစ်ပြည့်မွေးနေ့ မနက်ဖြန် ညီမလေး အေသင်ချိုဆွေရဲ့ သမီးလေး ivy တစ်နှစ်ပြည့် မွေးနေ့ မှာဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာနဲ့ သန်လျင်သဘာဝရိပ်သာဘိုးဘွားများကိုသွားရောက်အလှူဒါနပြုမှာမို့ နိဗ္ဗာန်ဆော်အနေနဲ့ သတင်း ကုသိုလ်မျှဝေဖို့ ကျွန်တော်ချစ်ခင်ရတဲ့ သတင်းမီဒီယာဆရာဆရာမများအားလေးစားစွာအသိပေးလိုက်ရပါတယ်ခင်ဗျ'' လို့ ရေးသားခဲ့ပါတယ်။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

Single Mother ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တာဆိုတဲ့ အေသင်ချိုဆွေ 

ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာကိုတော့ အေသင်ချိုဆွေတို့ မိသားစုလေးဟာ နေ့လည် ၁၂နာရီရောက်ပါမယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သန်လျင်သဘာဝရိပ်သာဘိုးဘွားကိုလည်း နေ့လည်၂နာရီမှာ ရောက်ရှိသွားမယ်လို့ ပြောပါတယ်။ Ivy လေးဟာ အခုလက်ရှိမှာတော့ ပရိသတ်တွေရဲ့ အသည်းတုန်အောင်ချစ်နေရတဲ့ ကလေးလေး တစ်ယောက်ဖြစ်ပါတယ်။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က