အတ္တတွေ မာနတွေတောင် သမီးလေးတွေနောက် ရောက်သွားခဲ့ပြီတဲ့။

ချစ်သုဝေကတော့ သမီးလေးတွေ မွေးပြီးနောက် သူမရဲ့ အတ္တတွေ၊ မာနတွေ အရည်ပျော်သွားခဲ့ရတယ်တဲ့။ သမီးလေးတွေ မွေးပြီးနောက် ပြောင်းလဲသွားတဲ့ သူမရဲ့ အချက်လေးတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo : ချစ်သုဝေ



မဟုတ်မခံသူ၊ ဒေါသကြီးသူတစ်ဦးဖြစ်သလို အမှန်တရားကိုမြတ်နိုးသူ တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေဟာ သမီးလေးတွေ မွေးပြီးနောက်ပိုင်း သမူရဲ့ အတ္တတွေ၊ မာနာတွေဟာ သမီးလေးတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်တဲ့။

“ကိုယ်ဟာ အငယ်ဆုံးသမီးကိုယ်ဟာ မင်းသမီးကိုယ်ဟာ အဆိုတော်ကိုယ်ဟာဆရာဝန် ကိုယ်ဟာအမှန်တ ရားကိုမြတ်နိုးသူ ကိုယ်ဟာဆတ်ဆတ် ထိမခံသူကိုယ်ဟာ ဒေါသကြီးသူကိုယ်ဟာ ကိုယ်ဟာ အဲ့ဒီအတ္တတွေ မာနတွေ အမှန်တရားတွေဟာ သမီးလေး၂ယောက်ရှိလာချိန်မှာတော့ သမီးလေး၂ယောက် နောက်ကို ရောက်သွားရတာပဲ” ဆိုပြီး ဧပြီ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။


Photo : ချစ်သုဝေ

သမီးလေးတွေရဲ့ အနာဂတ်လှပဖို့နဲ့ မိခင်အတွက် ဂုဏ်ယူစေဖို့ကိုလည်း သူမဆက်ကြိုးစားသွားဖို့ ခွန်းအားတွေ အပြည့်ပါပဲလို့ ဆိုပါတယ်။ ဖြတ်သန်းရတဲ့ လောကဓံတွေ ကြုံရလေ သူမကို မွေးထားတဲ့ မိခင်ကို နားလည်လေလေပါပဲတဲ့။

“သမီးလေးတွေအနာဂတ်လှဖို့ သမီးလေးတွေဟာကိုယ့်လုပ်ရပ် ကိုယ့်ဆုံးဖြတ်မှုတွေအောက်မှာ မျက်နှာမငယ်ရဖို့ သမီးလေးတွေအတွက် ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့ သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့  သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့ဂုဏ်ယူနေစေဖို့ ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့ ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့ ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့မေမေချစ်တယ်နော် ကလေးငယ်လေးတွေ ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ချစ်သုဝေ

ချစ်သုဝေဟာ လက်ရှိမှာ ခေတ်နဲ့သစ်လေးတို့နဲ့အတူ ခရီးတွေ သွားနေတာ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ကလည်း ခရီးတွေ သွားနေရလို့ အရမ်းကို ပျော်လို့နေပါတယ်။

ျစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က