ပထမကလေးရော၊ အခုကလေးရော ရင်ထဲမှာ အတူတူပါပဲ။

ကြာစိရဲ့ သမီးငယ်လေးကတော့ အခုဆို ၇ ရက်သမီးလေးရှိပြီလို့ သိရပါတယ်။ သမီးလေးတစ်ယောက် ထပ်ရပေမယ့်လည်း ပထမ ကလေးနဲ့ အခုကလေးကို ရင်ထဲမှာ အတူတူချစ်တယ်လို့ ဆိုပါတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သမီးငယ်လေးက ၇ ရက် သမီးလေးပဲ ရှိသေးပြီး မိခင်ရော၊ ကလေးပါ ကျန်းမာရေးကောင်းတယ်လို့ Duwun  Media ကနေ သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' ကလေးကတော့ ကြည့်စရာမလိုပါဘူး ကျွန်တော်နဲ့ တူတာပေါ့။ စကားတွေလည်း ၇ ရက်ပဲ ရှိသေးတယ်။ ဝူးဝါး ဝူးဝါးနဲ့ ဘာတွေပြောနေမှန်း မသိဘူး။ တစ်နေ ကုန်ဆို အိပ်ပြီ။ ညဘက်တွေဆို မအိပ်ဘူး။ မိဘတွေက အိပ်နေရင် သူက မျက်လုံးလေး ပွင့်ပြီးတော့ ဟိုကြည့်၊ ဒီကြည့်နဲ့ ကိုယ်တွေလည်း မအိပ်ရ။ သူ့အမေရော၊ ကလေးရော ကျန်းမာရေး ကောင်းပါတယ်'' လို့ ဆိုပါတယ်။

သမီးလေးကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်တဲ့ ကြာစိရဲ့ ဇနီး 

Photo: ကြာစိဖေ့စ်ဘွတ်

 

ဒါပေမယ့် ကြာစိက မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ မီဒီယာ တွေမှာ မဖြေချင်ဘူးလို့ သူကဆိုပါတယ်။ မိသားစု အကြောင်း ဖြေတဲ့ အခါမှာလည်း တခြား ပြောစရာတွေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' အဲ့ဒီတုန်းကလည်း ဒီကကလေးကိုကျတော့ ပြောပြပြီး ရန်ကုန်က ကလေးတွေကျတော့ ပစ်ထားတယ်ဆိုပြီးတော့ မသိတဲ့ သူတွေက လျှောက် ပြောနေမှာ။ ကျွန်တော့်ရင်ထဲမှာ ပထမကလေးရော၊ အခုကလေးရော အတူတူပဲ။ အဲ့ဒါတွေကြောင့် မိသားစုနဲ့ ပတ်သက်တာတွေ မဖြေတာ။ အနုပညာနဲ့  ပတ်သက်တာတွေကိုပဲ ဖြေနေတာ'' လို့ သူကဆိုပါတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

 

ဟာသလူရွှင်တော်၊ သရုပ်ဆောင် ကြာစိဟာ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သမီးငယ်လေးက စကားတွေပြောနေတယ်လို့ ကြွားလုံးထုတ်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့လို့လည်း ဖေဖေ ကြာစိတစ်ယောက် ဝမ်းသာပီတိဖြစ်လို့ နေပါတယ်။

'' ၇ ရက်ပြည့်တဲ့နေ့လေး မှာခုထိမအိပ်ဘူး စကားတွေပြောနေတာ ဘာတွေပြောနေလဲ မသိဘူးဝေ့'' ဆိုပြီးတော့ ရေးသားခဲ့ တာ ဖြစ်ပါ တယ်။  အဲ့ဒီနောက် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ် ကို ပြခဲ့ပါတယ်။ သမီးငယ်လေး မမွေးခင် တုန်းကလည်း ကြာစိတို့ ဇနီးမောင်နှံ နှစ်ယောက် ထီဆုတွေလည်း ပေါက်ခဲ့သလို အလှူအတန်းတွေလည်း လုပ်ခဲ့ကြပါသေးတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က