လင်းဇာနည်ဇော်က နိုင်ငံခြားမှာ ပညာသင်နေတဲ့ သမီးလေး မြူနှင်းကိုကိုကို သတိတွေရနေပါတယ်။ လင်းဇာနည်ဇော် ရဲ့ သမီးလေး မြူနှင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။
Photo : လင်းဇာနည်ဇော် FB
သရုပ်ဆောင် လင်းဇာနည်ဇော်က ပြည်ပမှာ ပညာသွားသင်နေတဲ့ သမီးလေး မြူနှင်းကိုကို ကို သတိတွေ ရလို့နေ ပါတယ်။ သြစတြေး လျနိုင်ငံမှာ ပညာသွားသင်နေတဲ့ သမီးလေးရဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ရင်း လွမ်းတဲ့ အကြောင်းလေးကို ပြောထားတာ ဖြစ်ပါတယ်။
"မုန့်ဖိုးပေးပြီးမှ ကလိလို့ရတဲ့ ''မငွေခင်''ကိုသတိရမိ" ဆိုပြီး ဇူလိုင်(၂၄) ရက်နေ့ ရေးသားထားတာတွေဖြစ်ပါတယ်။
Photo : လင်းဇာနည်ဇော် FB
လင်းဇာနည်ဇော် တင်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း သမီးလေးကို သတိတွေ ရလို့နေကြပါတယ်။ လင်းဇာနည်ဇော် ရဲ့ သမီးလေး မြူနှင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးပါ။ မြူနှင်းကိုကိုဟာ လည်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာ အလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။
ဒါပေမယ့် လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။
Photo : လင်းဇာနည်ဇော် FB
ဆည်းဆာရိပ်က ဘိုးဘွားတွေကို သွားရောက်အားပေးခဲ့တဲ့ လင်းဇာနည်ဇော်
သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။
သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အမဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် " မြန်မာပေါကားတွေ ရပ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။
Photo : လင်းဇာနည်ဇော် FB
သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ ရွှေတောင်ခေါက်ဆွဲဟာ အနုပညာမောင်နှမတွေကြားမှာ နာမည်ကြီးသလို ပရိသတ်တွေရဲ့ အားပေးမှုကို လည်း ရရှိထားတာတွေ့ရပါတယ်။