လင်းဇာနည်ဇော်က ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ရဲ့ မွေးနေ့မှာ အတူတူမရှိပေးနိုင်တာကြောင့် လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ မြူလင်းကိုကို ဟာ အနုပညာလှုပ်ရှားမှုသိပ်မရှိပေမယ့်လည်း ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။
Photo: Linn Zarni Zaw
ဇွန်လ ၁၂ရက်နေ့က သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မြူလင်းကိုကိုက လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ UTS: University of Technology Sydney ကျောင်းမှာ ပညာသင်ကြားနေသူပါ။ ဒါကြောင့် မေမေလင်းဇာနည်ဇော်က သမီးလေးကို အရမ်းသတိရနေတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။
‘’အလိုလိုနေရင်းအိပ်မရ။ သတိတွေအရမ်းရ ။ သြော်.. မိခင်ဘဝ.. Happy Birthday သမီးလေးရေ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို ခွဲခြားဆုံးဖြတ်နိုင်တဲ့သူ၊ ဘဝကိုရိုးသားဖြူစင်စွာ လျှောက်လှမ်းနိုင်တဲ့သူ၊ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ။ အခါတိုင်းနေ့တွေထက် ပိုလွမ်းတယ်ကြွက်မလေးရေ’’ ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သမီးလေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: Linn Zarni Zaw
လင်းဇာနည်ဇော် တင်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း သမီးလေးကို သတိတွေ ရလို့နေကြပါတယ်။ လင်းဇာနည်ဇော် ရဲ့ သမီးလေး မြူနှင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးပါ။ မြူနှင်းကိုကိုဟာ လည်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာ အလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။
Photo: Linn Zarni Zaw
ဒါပေမယ့် လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။
Photo: Linn Zarni Zaw
သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အမဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် " မြန်မာပေါကားတွေ ရပ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။