သူ့ကို မချစ်ရင်နေပါစေတဲ့။

အေသင်က သူ့ထက် သမီးလေးကို ပရိသတ်အချစ်တွေ ပိုစေဖို့ အခုလို တောင်းဆိုလာတာ တွေ့ရပါတယ်. မကြာသေးခင်ကပဲ သူ့ရဲ့ သမီးလေးအတွက် သီချင်း အသစ်တစ်ပုဒ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်.

Photo: အေသင်ချိုဆွေ



အေသင်ချိုဆွေက သမီးလေးကို ချစ်တဲ့ အချစ်က သူ့ကို ချစ်တဲ့ အချစ်ထက် ပိုပါစေလို့ ပရိသတ်ကို တောင်းဆိုခဲ့ပါတယ်. အေသင်က လက်ရှိမှာ သမီးလေး Ivy နဲ့ အတူ အလှဓာတ်ပုံ များစွာတို့ကို ရိုက်ကူးနေတာဖြစ်ပါတယ်.

'' Ivy လေးကို ပိုချစ်ပေးပါ၊ ကျွန်မကို မချစ်ရင်လည်းရပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၁၂နာရီ ၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်. အဲ့ဒီနောက် Ivy လေးနဲ့ အေသင် တို့ရဲ့ သားအမိနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုလည်း ဆက်လက်တင်ထားတာ တွေ့ရပါတယ်. ပရိသတ်တွေကတော့ Ivy လေးကိုရော. မေမေ အေသင့် ကိုပါ အတူတူ ချစ်တယ် ဆိုပြီးတော့ Comment ပေးထားကြတာတွေ့ရပါတယ်.

Photo: အေသင်ချိုဆွေ

အနုပညာလှုပ်ရှားမှုတွေကို တစိုုက်မတ်မတ်နဲ့ ပြန်လည်လုပ်ကိုင်လာတဲ့ အဆိုတော် အေသင်ချိုဆွေဟာ ဒီနေ့( ဒီဇင်ဘာ၂၅ရက်)မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ သီချင်းလေးက သူမရဲ့ ခံစားချက်တွေကို အိမ်ချစ်က သီချင်းစာသားအဖြစ် ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

တစ်ဦးတည်းသော သမီးလေးအတွက် သီဆိုထားတဲ့ သီချင်းလေး ဖြစ်တယ်လို့လည်း အေသင်က ပြောထားပါသေးတယ်.သမီးလေးအတွက် သီဆိုထားတဲ့ အဲ့ဒီသီချင်းလေးနာမည်က” FOR MY LITTLE GIRL” ဆိုပြီး နာမည်ပေးထားပါတယ်။

“မအိမ့်ချစ်ကမေတ္တာဖြင့်ရေးပေးတဲ့

သီချင်းလေးကို

အိုင်ဗီမေမေက

အိုင်ဗီလေးအတွက်ဆိုထားပါတယ်။

သီချင်းလေးနာမည်က

♥️FOR MY LITTLE GIRL♥️(သမီးလေးအတွက်)။ ဆိုပြီး သူမရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ဒီဇင်ဘာ(၂၅) ရက်နေ့က ရေးသားထားပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က