မိသားစုတွေ အတူတူသွားကြတာပါ။

စန္ဒီမြင့်လွင်က သမီးလေးကို ကိုယ်ဝန်လွယ်ထားခွင့်ရလို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ အခုလည်း ကမ်းခြေခရီးရောက်နေပါပြီတဲ့။

Photo: စန္ဒီမြင့်လင်



စန္ဒီမြင့်လွင်က သမီးလေးကိုယ်ဝန်နဲ့ ကမ်းခြေခရီးထွက်ဖြစ်နေတဲ့အကြောင်း ပြောလာပါတယ်။ ကိုယ်ဝန်ရပြီးမှ မိသားစုနဲ့ အတူ ပထမဆုံး ထွက်တဲ့ ခရီးလေးဖြစ်ပါတယ်။

‘’ငွေဆောင်မှာသမီးလေးကိုယ်ဝန်နဲ့အမှတ်တရ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၁၀နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့ပါတယ်။ အဲဒီနောက် မိသားစုနဲ့အတူ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: စန္ဒီမြင့်လင်

စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်က အခုဆိုရင် ၄ လ ရှိနေပါပြီ။ ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ စန္ဒီမြင့်လွင်က သမီးလေးကို ကိုယ်ဝန်လွယ်ထားရတယ်လို့ သိလိုက်ရချိန်မှာ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့် အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ညီမဖြစ်သူ စိုးပြည့်သဇင်တို့ကလည်း ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့ပါသေးတယ်။

''ီနေ့ဘေဘီလေးဘာလေးလဲသိရလိမ့်မယ် မထင်ခဲ့မိဘူး တစ်ကယ့်ကို surprise ပါပဲ။တစ်နေကုန်နူတ်ပိတ်နေတဲ့မေမေဒါ၊ တီတီဇင်၊အပင်ပန်းခံစီစဉ်ပေးတဲ့ မမခင်မမဂျာ တီတီပုံ့ပုံလှလှလေးရိုက်ပေးတဲ့ မမယု၊ စပရိုက်စ်စီစဉ်သူ မေမေဒါဒါ (ကိုယ်ပူဆာတာလဲပါ)။ အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ မိန်းကလေးပါရှင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: စန္ဒီမြင့်လင်

သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က