သီချင်းသစ်လေးမကြာခင် နားဆင်ရတော့မှာပါ။

သူမရဲ့ ခံစားချက်တချို့ကို သီချင်းစာသားတွေအဖြစ် ပြောင်းလဲထားတဲ့ သီချင်းလေးတစ်ပုဒ်ကို မကြာခင် ပရိသတ်တွေ နားဆင်ရတော့မှာပါ.

 Photo : Aung Zaw (Love Space)

အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ပြန်လည်လုပ်ကိုင်လာတဲ့ အေသင်ချိုဆွေဟာ မကြာခင်မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် လက်ဆောင်ပေးဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲ့ဒီသီချင်းလေးမှာ သူမရဲ့ ခံစားချက် အစစ်အမှန်တွေ ပါဝင်နေတာလည်းေ တွ့ရပါတယ်။ ဒီနေ့မနက်မှာလည်း သမီးလေးနဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာတင်ရင်း သီချင်းစာသားအနည်းငယ်ကို ယခုလို ရေးသားထားတာတွေ့ရပါတယ်။

ရှောင်တိမ်းလို့ပြေးထွက်သွားတဲ့

အဖေဆိုတာကိုမမျှော်လင့်နဲ့....

ဒီလိုမပြောရက်လဲ ရင်နာနာနဲ့

ပြောချင်မိတယ်...........

ငိုကြွေးရမယ့် နေ့ရက်တို့ချန်ကာ

ပျော်စရာများဘဲဖန်တီးမယ်.......⏯

?သီချင်းသစ်လေးထဲကစာသားလေးတချို့ပါ” ဆိုပြီး ဒီဇင်ဘာ(၂၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

 Photo : Aung Zaw (Love Space

Single Mother တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေက သမီးလေးနဲ့ သူမအတွက် အဖေဆိုတာမျိုး မလိုအပ်ဘူးလို့ ဆိုပါတယ်။တစ်ခါတလေမှာ ပျော်စရာကောင်းတဲ့ မိသားစုလေးတွေ တွေ့ရင်အားကျမိပေမယ့်လည်း သူမရဲ့ စိတ်ကို ပြန်ထိန်းကာသမီးလေးအတွက် တွေးပြီး ဝမ်းနည်းမိတယ်တဲ့။

"တခါတလေတော့ပျော်စရာကောင်းတဲ့ မိသားစုလေးတွေတွေ့ရင် အားကျမိတယ်၊ပြီးတော့ စဉ်းစားမိတယ်၊ ဪ.. ငါတောင် ဒီလိုအားကျနေရင် ငါ့သမီးလေးကြီးလာလို့ သူ့ပတ်ဝန်းကျင်သူ့သူငယ်ချင်းတွေရဲ့ မိသားစုတွေကိုကြည့်ပြီးဘယ်လောက်တောင်စိတ်ထဲခံစားနေရမလဲလို့ တွေးမိပြီးရင်ထဲမှာ တကယ်ဝမ်းနည်းမိတယ်"လို့ ဒီဇင်ဘာ(၁၂) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

 Photo : Aung Zaw (Love Space

သူ့အနေနဲ့ သမီးလေးအတွက် ကြုံလာသမျှ လောကဓံတွေကို ရရဲ ကြီးရင်ဆိုင်သွားမှာ ဖြစ်ပြီး သူတို့မိသားစုလေးအတွက် အဖေဆိုတာကို မလို အပ်ဘူးလို့ ဆက်လက်ပြောထားပါသေးတယ်။

"ဒါပေမဲ့ စိတ်မပူပါနဲ့ သမီးလေးရယ်မေမေကသမီးကိုနားလည်အောင် ပြောပြမယ်၊ဒီအမေက ဒီသမီးလေးအတွက် ဘယ်လောက်ထိ ခွန်အားတွေရှိခဲ့ကြောင်း၊သတ္တိတွေဘယ်လိုရှိခဲ့တယ် ဆိုတဲ့အကြောင်း၊ မိဘ၂ပါးရဲ့အချစ်တွေကို ဒီအမေတယောက်တည်းကနေပဲသမီးကိုအပြည့်အဝပေးမှာပါ။ သမီးမေမေက သမီးလက်ကိုဆွဲပြီး၊ သမီးမျက်နှာတခုတည်းကိုကြည့်ပီး ကြုံလာသမျှ လောကဓံတွေကိုရဲရဲကြီးရင်ဆိုင်သွားမှာပါ၊မေမေတို့အတွက် မလိုအပ်ပါဘူး အဖေဆိုတာကို" လို့ သူမက ပြောထားပါသေးတယ်။

 Photo : Aung Zaw (Love Space

အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

 Photo : အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က