သူ့ကို တစ်နေ့ထက် တစ်နေ့ ပိုပြီးချစ်လာတယ်။

အေသင်ချိုဆွေက သမီးလေး Ivy နဲ့ အတူတူ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသက် ၂ နှစ်ပြည့်သွားတဲ့ သမီးလေးအတွက် သူ့ရင်ထဲက စကားတွေကို ရင်ဖွင့်ပြောပြလာပါသေးတယ်။

ဒီနေ့(သြဂုတ်လ ၂၅) ရက်နေ့ကတော့ အေသင်ချိုဆွေရဲ့ တစ်ဦးတည်းသော သမီးလေး Ivy ရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ အေသင်ချိုဆွေဟာ သမီးလေးနဲ့အတူတူ မွေးနေ့ ကျင်းပဖြစ်ခဲ့တဲ့အကြောင်းကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ သူနဲ့က မွေးလလည်း တစ်လတည်းဆိုတော့ ပေါင်းပြီးတော့ မွေးနေ့ပွဲလုပ်ဖြစ်သွားတာပါ။ နောက်နှစ်တွေ လည်း အတူတူလုပ်ဖြစ်မှာပါ။ တစ်ယောက်တည်းတုန်းကတော့ မွေးနေ့မလုပ်ဖြစ်ဘူး။ သူငယ်ချင်းတွေကိုတောင် မုန့်ကျွေးချင်မှ ကျွေးတာ။ သူနဲ့ကျတော့ သူ့ကို အစကတည်းက Social လည်းကောင်းအောင်၊ လူတွေနဲ့လည်း အမြဲတမ်း ထိတွေ့မှုရှိအောင် နှစ်တိုင်းတော့ လုပ်ပေးမယ်။ Donation လေးတွေလည်း လုပ်ပေးဖြစ်မှာပါ’’ လို့ သူကဆိုပါတယ်။

အေသင်ချိုဆွေကလည်း အခုဆိုရင် အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ကိုယ်တိုင်ကလည်း တော်တော်ကို ရင့်ကျက်လာပါပြီလို့ ဆိုပါတယ်။ သမီးလေးကလည်း အရမ်းကို လိမ္မာနေပါပြီတဲ့။

‘’ကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ် ကြိုးစားနေရတဲ့အခါကျတော့ တော်တော်လည်း ရင့်ကျက်လာပါပြီ။ သူ့ကိုလည်း မြန်မြန်အသက်ကြီးစေချင်တယ်။ အခုလည်း တကယ်ကို အဖော်ရတဲ့ ကလေးပါ။ စကားသာ မပြောတတ်သေးတာ ကိုယ်တွေပြောတာ သူနားလည်တယ်။ ခိုင်းရင်လည်း သူလုပ်တတ်တယ်။ အခုတောင် တော်တော် အဖော်ရနေပါပြီ’’ လို့ဆိုပါတယ်။

Ivy လေးက အခုဆိုရင် အရမ်းကိုလည် အရမ်းကို တတ်လွန်းတဲ့ ကလေးလေး တစ်ယောက်ပါ။ ဒါကြောင့်လည်း မေမေ အေသင်က အသည်းအသန်ကို အချစ်တွေ ပိုနေရတယ်လို့ ဆိုပါတယ်။

‘’ သူ့ကိုလေ တစ်နေ့ထက် တစ်နေ့ ပိုချစ်လာတယ်။ သူ့အကြောင်း တွေးတာလေးတွေ ဆိုရင် တစ်နေ့ထက် တစ်နေ့ သူနဲ့ ကိုယ် ရှေ့ဆက် လျှောက်ရမယ့် ဘဝလေးတွေအကြောင်းကို တွေးလိုက်တိုင်းလည်း ပျော်မိတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲမှာဖြေဆိုခဲ့တာပါ။

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က