သူ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟပြောပြလာပါတယ်။

ဘုဏ်းသိုက်က သမီးလေးနဲ့ ပတ်သက်လာရင် လောဘမကြီးဘူးလို့ဆိုပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် ‘’လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကိုလည်း သမီးလေးနဲ့ အတူတူ ကြည့်ခွင့်ရချင်တယ်လို့ ပြောပါတယ်။

Photo: Hpone Thike

ဘုဏ်းသိုက်က သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’လောဘနွံ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သမီးလေး မြမိုးဂင်္ဂါ နဲ့အတူကြည့်ဖို့ မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ မသိသေးဘူးလို့ မီဒီယာအင်တာဗျုးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဇာတ်ကားကို သမီးလေးနဲ့ အတူတူကြည့်မယ်လို့ မျှော်လင့်ထားတာပေါ့။ ဒါပေမယ့် သူက အခု အမေရိက သွားနေတော့ ဇူလိုင် ၂၂ အထိ ဒီဇာတ်ကားက တစ်ပတ် တစ်ပတ် တင်တာ ပိုများလာမယ် ဆိုရင်တော့ သမီးလေး ပြန်လာရင် မီလောက်တယ်ပေါ့နော်။ မဟုတ်ဘူးဆိုရင်တော့လည်း ကျွန်တော့်ရဲ့ ရုပ်ရှင် စားကျက် ကြမှပဲ အတူတူကြည့်ကြတာပေါ့’’ ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့က ‘’လောဘနွံ’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Hpone Thike

ဘုဏ်းသိုက်က သမီးလေးအပေါ် ထားတဲ့ ဖခင်မေတ္တာတွေကို ပြောပြလာပါတယ်။ သူဖြစ်စေချင်တဲ့အရာတွေနဲ့ သမီးလေးကို ဖိအားမပေးသလို လောဘလည်း မကြီးဘူးလို့ဆိုပါတယ်။

‘’ ကျွန်တော်က သမီးလေးနဲ့ ပတ်သက်လာရင် လောဘဆိုရင်လည်း အနည်းဆုံး ထားထားတယ်။ သူဘာဖြစ်ချင်လဲ ဆိုတာကိုပဲ အမြင့်ဆုံးပေါ့။ ဘယ်လိုပြောရမလဲ ကျွန်တော် အမြင်မှန် မြင်နိုင်ဖို့ပဲ ကြိုးစားတယ်။ ကျွန်တော်က အရမ်းကြီး ဖြစ်စေချင်တာတွေ၊ ကလေးကလည်း ငယ်သေးတော့ လောဘတော့ ကျွန်တော့်မှာ မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: Hpone Thike

မြမိုးဂင်္ဂါလေးကို ချစ်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။ လည်လွန်း၊ တက်လွန်းတာကြောင့်လည်း တစ်နေ့ ထက်တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးလေး ဆိုရင်လည်း မမှားပါဘူး။ သမီးလေး မြမိုးဂင်္ဂါကိုတော့ ဖေဖေ ဘုဏ်းသိုက်နဲ့ မေမေ ချမ်းချမ်းတို့က တစ်လှည့်စီ စောင့်ရှောက်ပေးနေကြတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သူမဟာ အသက် ၅ နှစ်ကျော်အရွယ်ရောက်နေပြီဖြစ်ပါတယ်။

Photo: Hpone Thike

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ လောဘနွံ ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က