တော်တော်စိတ်မကောင်း ဖြစ်နေမှာနော်။

သမီးလေး တစ်ယောက်လို ချစ်ရတဲ့ ခွေးလေးဆုံးသွားတဲ့ အတွက် ခိုင်နှင်းဝေ တော်တော်ကို စိတ်မကောင်းဖြစ်နေပါတယ်။ (၁၃)နှစ်လောက် သူမနဲ့အတူ နေခဲ့တဲ့ ခွေးလေးအတွက်  နောက်ဆုံးခရီးလေးကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်နေပေးတာ တွေ့ရပါတယ်။



Photo : ခိုင်နှင်းဝေ FB

 

သရုပ်ဆောင် ခိုင်နှင်းဝေက သမီးလေးတစ်ယောက်လို ချစ်ရတဲ့ ခွေးလေးဆုံးသွားတဲ့အတွက် တော်တော့်ကို ခံစားနေရပါတယ်။ သူသိပ်ချစ်ရတဲ့ ခွေးလေးဟာ ဇူလိုင်(၅) ရက်နေ့ မနက်မှာ ဆုံးသွားခဲ့တာပါတဲ့။ ခွေးလေးအတွက်လည်း ခိုင်နှင်းဝေဟာ ဒီနေ့မနက်မှာ သက်ပျောက်ဆွမ်း ကပ်လှူပေးခဲ့ပါတယ်။

Photo : ခိုင်နှင်းဝေ FB

ချစ်ရတဲ့ခွေးလေးရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေတဲ့ ခိုင်နှင်းဝေ  

သူမအနေနဲ့ ခွေးလေးအတွက် လုပ်ပေးနိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။

"ကျွန်မသမီးလေး ၁:၂ မိနစ် AM မှာဆုံးသွားပါပြီ။သမီးရယ် အရမ်းခံစားရတယ်။ ဝဠ်ကြွေးတွေရှိရင်လဲ ကျေပါစေတော့။ သမီးလေးရေ အမေလုပ်ပေးနိုင်သမျှမီးလေးအတွက် အတွက် အကောင်းဆုံး လုပ်ပေးနေပါတယ်။သိပ်လိမ္မာတဲ့သမီးလေး..အနေအေးပြီးဒေါသ မရှိတဲ့ သမီးလေး ဘဝကူးကောင်းပါစေ" ဆိုပြီး ဇူလိုင်(၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဝမ်းနည်းကြွေကွဲစွာ ပြောထားတာ တွေ့ရပါ တယ်။

Photo : ခိုင်နှင်းဝေ FB

 

သူမရဲ့ ခွေးလေးမသေခင်မှာလည်း ခွေးလေးနဲ့အတူ သီလရှင်ကျောင်းတွေမှာ ခွေးလေးအတွက် သွားလှူခဲ့သလို ဘုန်းကြီးတွေ အတွက် လည်း ဆွမ်းကပ်လှူပေးခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူ့သမီးလေးကို ထားခဲ့ပြီး မိဘမဲ့ကလေးတွေနဲ့ အလှူလုပ်ဖို့ ချိန်းထားတဲ့ အတွက် သွားခဲ့ရပါသေးတယ်တဲ့။

သူမပြန်လာမှပဲ ငြိမ်းချမ်းတဲ့နေရာလေးမှာ သဂြိုလ်ပေးဖို့ စီစဉ်ထားတယ်လို့ ခိုင်နှင်းဝေက သူရဲ့ အကောင့်မှာ ဆက်ပြီး ပြောထား ပါတယ်။ (၁၃)နှစ်လောက် သူမနဲ့အတူတူ နေခဲ့ရတဲ့ ခွေးလေးအတွက် ခိုင်နှင်းဝေတစ်ယောက် တော်တော့်ကို စိတ်မကောင်း ဖြစ်နေပါတာ။

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က