သူမရဲ့ မိခင်ကလည်း သမီးရဲ့ လိမ္မာမှုတွေအပေါ် ဂုဏ်ယူနေသူပါ။

နွေးနွေးချစ်ဖွယ်ဟာ မိခင်ဖြစ်သူရဲ့ ဆုံးမသွန်သင်မှုအောက်မှာ လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်အောင်နေထိုင်တယ်လို့ ဆိုပါတယ်။ သူမဟာ ဖခင်အပေါ်မှာလည်း သမီးတစ်ယောက်ရဲ့တာဝန်ကျေပွန်တဲ့အတွက် မိခင်ကလည်း ကျေနပ်ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။ 

အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ ဖခင်ဖြစ်သူ မြို့တော်ချစ်ဖွယ်နဲ့အတူ ဖခင်ရဲ့နောက်ထပ် ဇနီးတစ်ယောက်ကိုပါလုပ်ကျွေးပြုစုနေရတယ်လို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာအပေါ် မိခင်အရင်းဖြစ်သူက အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ 



“ တစ်ယောက်နဲ့ တစ်ယောက်က လူ့ဘဝကြီးကို ရောက်လာပြီဆိုရင် မေတ္တာတရားက အရေးကြီးဆုံးပဲလေ။ သမီးလေးကိုတော့ ကိုယ်တတ်နိုင်သလောက် စောင့်ရှောက်မယ်။ သမီးလေး အခုလို လုပ်နေတာကိုလည်း ကျေနပ်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ အရင်တုန်းကတော့ ဒီလုပ်ရပ်ကြီးကို မဖြစ်သင့်ဘူးပေါ့နော်။ အခုချိန်မှာတော့ မပြောတော့ဘူး မိဘကို ပြောရင်လည်း ငရဲကြီးတယ်လေ” လို့ သူကဆိုပါတယ်။ 

နွေးနွေးချစ်ဖွယ် က လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ စိတ်နေ စိတ်ထားက သူမအတွက် အတုယူစရာတွေချည်းပဲလို့ ဆိုပါတယ်။ 

“ အမေကတော့ အမြဲတမ်း ဆုံးမပေးပါတယ်။ အဖေ့ကို ပေးလို့၊ ကျွေးလို့လည်း သူမပြောသလို နွေးရှာတဲ့ပိုက်ဆံဖြစ်လို့ နွေးပေးချင်တဲ့သူကို ပေးပိုင်ခွင့်ရှိတယ်။ အဓိကကတော့ မေမေ နားလည်ပေးလို့ပေါ့နော်။ မေမေကတော့ ဘာမှကိုမပြောတော့ဘူး။ ငါ့သမီးလေးရှာတဲ့ ပိုက်ဆံ င့ါသမီးလေး လှူတယ်လို့ တွေးပြီးတော့နေတယ်"ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nway Nway Chit Phwal

အနုပညာအလုပ်တွေလည်းလုပ်၊ မိဘကိုလည်း ဂရုစိုက်ခွင့်ရတဲ့ အခြေအနေကတော့ အေးချမ်းတယ်လို့ နွေးနွေးချစ်ဖွယ်က ပြောပါတယ်။ ဘာသာရေးအလုပ်တွေကိုလည်း အဓိက ဦးစားပေး လုပ်ဆောင်သွားမှာပါတဲ့။ 

“ တစ်ခါတလေကျတော့လည်း လောကဓံကို ရင်ဆိုင်ရမှာပဲလေ။ မွေးတုန်းကလည်း တစ်ယောက်တည်းပဲ။ ဖြစ်နေတဲ့ဘဝမှာ အကောင်းဆုံးရင်ဆိုင်ရပ်တည်ရမယ်။ ကိုယ့်ကြောင့် ပတ်ဝန်းကျင် စိတ်အနှော က်အယှက်မဖြစ်ဘူး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတယ်ဆိုရင် နေရင်းထိုင်ရင်း ကုသိုလ်ရနေတာပဲလေ” လို့ သူကပြောပါတယ်။ 

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က