ယွန်းရွှေရည်ကတော့ သူ့ကိုယ်သူ ခွဲစိတ်ပြုပြင်ရမှာ ကြောက်တယ်လို့ ဆိုပါတယ်။ မိခင်က မွေးဖွားပေးလိုက်တဲ့အတိုင်း သဘာဝအလှကိုပဲ ကျေနပ်နေတာပါတဲ့။ ဒါပေမယ့် သူ့ရဲ့ မျက်နှာပေါ်မှာ မကြိုက်တဲ့ အရာတစ်ခုတော့ ရှိတယ်တဲ့။
ဒီနေ့ ခေတ်အရ မိန်းကလေးတော်တော်များများဟာ လှပချင်တဲ့ စိတ်ကြောင့် သူတို့ မနှစ်သက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်လာကြပါတယ်။ ဒါပေမယ့် သရုပ်ဆောင် ယွန်းရွှေရည်ကတော့ မိဘက ပေးတဲ့ သဘာဝ အလှအတိုင်းလောက်ပဲ ကျေနပ်တယ် ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' ဆာဂျရီတော့ မလုပ်ချင်ပါဘူး၊ ဒါက အမေပေးထားတဲ့ အမွေပဲကို အမေ့ကို ကျေးဇူးတင်ရမယ်။ အခုဆို မျက်ခုံးဆိုလည်း ထိုးစရာမလိုဘူး၊ မျက်တောင်ဆိုလည်း ဆက်စရာမလိုဘူး၊ နှာခေါင်းဆိုလည်း ဘာမှ ထည့်စရာမလိုဘူး၊ ဆံပင်ဆိုလည်း ကောင်းခြင်းနဲ့ ပြည့်စုံတယ်၊ ဒီခေတ် ကြီးထဲမှာ ဘာမှ ပြုပြင်စရာ မလိုဘူးပေါ့နော်"လို့ ဆိုပါတယ်။
ကိုယ့်ရဲ့ မျက်နှာ အနေအထားကို ပြည့်စုံမှုရှိတယ်လို့ သတ်မှတ်ထားတဲ့ ယွန်းရွှေရည်က သူ့ရဲ့ မျက်နှာပေါ်မှာ မကြိုက်တဲ့ အရာတစ်ခု ရှိသေးတယ်လို့ ဆိုပါတယ်။ အဲ့ဒါကတော့ ဖောင်းနေတဲ့ ပါး ပါ ပဲ ဆိုပြီးတော့ သြဂုတ်လ ၂ ရက်နေ့ညက က္ကုတ္ထိယရုပ်ရှင်အထူးပြသပွဲက Duwun Media ကို သီးသန့်ဖြေဆိုခဲ့ပါတယ်။
'' ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာကတော့ ပါးဖောင်းတာ၊ ဘယ်လောက်ပဲ ဝိတ်ချချ ပါးဖောင်းတာကတော့ ဘယ်လို မှ လုပ်လို့မရဘူး။ ဆာဂျ ရီ လုပ်ဖို့ ကတော့လည်း မလုပ်ရဲဘူး၊ ကိုယ့်အသားထဲ ထိုးထည့်ရမယ့် အရာတစ်ခုကို ညီမက ကြောက်တယ်။ ပြီးတော့ အသက်ကြီးလာရင် ပါးရည်တွေ တွန့်မှာပဲလေ၊ အသားအရေ နဲ့ ပတ်သက်ပြီး Skin care လိမ်းတာပဲရှိတယ်''
photo: Yoon Su Facebook
ယွန်းရွှေရည်ကို အငြိမ့် က ရင်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား ရိုက်ရင်ပဲ ဖြစ်ဖြစ် အနုပညာမောင်နှမတွေက သူ့ရဲ့ နှာခေါင်းကို ထိခိုက်ပြီးတော့ စနောက် တာ တွေရှိပါတယ်။ အနုပညာလောက သားတွေသာမက ပရိသတ်တွေကပါ စတတ်။ နောက်တတ်တယ် လို့ ဆိုပါတယ်။
'' ဒီနှာခေါင်းလေး ကြောင့်ပဲ ကိုယ့်ကို ပရိသတ်တွေက ယွန်းရွှေရည်ဆိုပြီးတော့ သိလာကြတာ။ ဒါဟာ ကိုယ့်ကို ပရိသတ်အသိအမှတ်ပြု ပေး ထားတဲ့ အရာတစ်ခုပေါ့နော်။ အဲ့ဒီတော့ တစ်ခါတလေဆိုရင် Shopping ထွက်ရင် ပရိသတ်တွေက ကိုယ့်ကို အဲ့ဒီလို လှမ်းလှမ်းစတယ်။ ဘယ် လိုပဲ စစ စိတ်မဆိုးပါဘူး။ သူတို့ ချစ်လို့ ခင်လို့ အသိအမှတ်ပြုလို့ ကိုယ့်ကို စတယ်လို့ပဲ သဘောထားပါတယ်'' လို့ သူကဆိုပါတယ်။
ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင် မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်တယ်လို့ သူကပြော ပါတယ်။
Share