အနုပညာအလုပ်တွေကို ကြိုးစားလုပ်လာတာနော်။

ဖြူဖြူထွေးက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရင်းက ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ မိသားစုုကို တိုက်ဆောက်ပေးနိုင်ပြီလို့ဆိုပါတယ်။ မိသားစုအတွက် သူ့ရဲ့ရည်ရွယ်ချက်တွေကိုလည်း အောင်မြင်အောင်လုပ်မယ်လို့ ပြောပါတယ်။

Photo: ဖြူဖြူထွေး

ပရိသတ်အားပေးမှုတွေရရှိလာတဲ့ ဖြူဖြူထွေးက အခုဆို အနုပညာအလုပ်တွေ အရင်ကထက် ပိုလုပ်လာရတာကို တွေ့ရပါတယ်။ မိသားစုအပေါ်ထားတဲ့ သူမရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ကြိုးစားမယ်လို့လည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’တစ်ခါတလေကျရင်တော့ ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ့်မိသားစုကို ဒီလို တိုက်ဆောက်ပေးဖို့ ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်လေးကို အောင်မြင်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် တစ်ခါတလေ အဲဒီပင်ပန်းမှုတွေက ဘယ်ရောက်သွားမှန်းကို မသိဘူး’’ လို့ သူကဆိုပါတယ်။

Photo: ဖြူဖြူထွေး

ဖြူဖြူထွေးဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ပရိသတ်တွေရဲ့ဝေဖန်မှုတွေ အများကြီး ခံခဲ့ရသူဖြစ်ပါတယ်။ နောက်ထပ်လည်း အနုပညာအလုပ်တွေ လုပ်တဲ့အခါမှာလည်း အခက်အခဲ တွေကြုံခဲ့ရသေးတယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ‘’တရုတ်မလေးကိုချစ်တယ်’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

‘’ စတက်တုန်းကတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ တချို့ကျတော့လည်း အလကားရိုက်ပေးခဲ့ရတာမျိုးတွေလည်း ရှိတယ်လေ။ အခုကျတော့ အလကားရိုက်ဖို့ မခေါ်ရဲတော့ဘူး။ ပိုက်ဆံပေးပြီး ရိုက်တာများတယ်’’ လို့ ဖွင့်ဟပြောခဲ့ပါတယ်။

Photo: ဖြူဖြူထွေး

အခုဆိုရင်တော့ ဖြူဖြူထွေးက ဗီဒီယိုဇာတ်ကားတွေ၊ ပညာပေးဇာတ်လမ်းတိုလေးတွေ ရိုက်ကူးရင်း အနုပညာကြေးတွေလည်း ရရှိနေပြီလို့ ဆိုပါတယ်။ ရလာတဲ့ အနုပညာကြေးကို စုဆောင်းပြီး မိသားစုကို တိုက်ဆောက်ပေးနိုင်ပြီလို့ ဆက်လက်ပြောပြလာပါတယ်။

‘’ဗီဒီယိုဇာတ်ကားတွေ၊ Short Film လေးတွေဆိုရင်လည်း ပိုက်ဆံပေးတာများတယ်။ ကြော်ငြာဆိုရင်လည်း Brand ကြီးရင် ကြီးသလို ကြော်ငြာခတော့ ပေးရတာပေါ့။ အနုပညာကြေးကတော့ မတက်ပါဘူး။ အနုပညာရှင်တွေထဲမှာ ဈေးအချိုဆုံးပါ။ သူ့ဘက်ကိုယ့်ဘက် သင့်တင့်မျှတအောင်လုပ်ပေးတယ်။ အဲဒါကြောင့်လည်း ပွဲတွေပျက်သွားတယ်လို့မရှိဘူး။ အဲဒီတော့ ပိုက်ဆံစုပြီး အိမ်ကိုတိုက်ဆောက်ပေးနိုင်တယ်၊ ဒါလေးပါပဲ’’ လို့ဖြေဆိုခဲ့ပါတယ်။

Photo: ဖြူဖြူထွေး

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က