အရက်မူးလွန်ပြီးဖြစ်ပွားခဲ့တာပါ။

သေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်က အမူးလွန်ပြီး တာဝန်ချိန်မဟုတ်ဘဲ ကင်းတဲမှာ သွားအိပ်နေရာကနေ မိန်းမကလာနှိုးတော့ စိတ်တိုပြီး ကင်းတဲတာဝန်ကျနေတဲ့ ရဲဘော်ကိုထိုးကြိတ်ခဲ့တာပါ။ တာဝန်ကျရဲဘော်က နောက်ကျောက ပြန်တွန်းလိုက်တော့ လဲကျသွားပြီး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်။ 

မန္တလေးတိုင်းဒေသကြီး၊ မီထ္ထီလာမြို့၊ အလည်ရွာရဲကင်းခစခန်းမှာ ရဲတပ်ဝင်အချင်းချင်း ထိုးကြိတ်ရာကနေ တစ်ဦးသေဆုံးခဲ့တယ်လို့ အလည်ရွာရဲစခန်းကသိရပါတယ်။ သြဂုတ်လ(၂၉)ရက်နေ့ညနေပိုင်းက အလည်ရွာကင်းတဲစခန်းမှာ ဖြစ်ပွားခဲ့တာပါ။

“ တပ်ဖွဲ့ဝင်အချင်းချင်းရန်ဖြစ်တာတော့မဟုတ်ဘူး။ အခုသေတဲ့သူက အရက်မူးလွန်ပြီး ဦးနှောက်သွေးကြောပြတ်ပြီးသေတာ။ သူကကင်းတဲမှာ တာဝန်ချိန်မဟုတ်ပဲ အရက်မူးပြီး သွားအိပ်နေတာ။ ညနေ (၆)နာရီခွဲလောက်ကျတော့ သူ့မိန်းမကသူ့ကိုလာနှိုးတာ။ သူအိပ်နေတာကိုနှိုးရမလားဆိုပြီး ကင်းတဲမှာ တာဝန်ကျနေတဲ့ ရဲဘော်ကို မဆိုင်ဘဲနဲ့ စိတ်တိုပြီး လက်သီးနဲ့(၃)ချက်ထိုးတာ။ တာဝန်ကျနေတဲ့ ရဲဘော်ကလည်းသူ့ကိုထိုးတော့ စိတ်တိုပြီး မူးနေတဲ့ရဲဘော်ကို နောက်ကျောကနေတွန်းလိုက်တာ၊ မူးနေတာဆိုတော့ တွန်းလိုက်တာနဲ့တင် လဲကျပြီး ပြန်မထနိုင်ဘဲနဲ့ ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးသွားတာ” လို့ အလည်ရွာရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

သေဆုံးတဲ့ရဲဘော်က အသက်(၃၁) နှစ်အရွယ် ကိုတင်စိုးဝေဖြစ်ပြီး ပြင်ပဒဏ်ရာလုံးဝမရှိဘဲ အမူးလွန်ပြီး ဦးနှောက်သွေးကြောပြတ်သွားတာလို့ အဆိုပါ တာဝန်ရှိသူကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကင်းတဲတာဝန်ကျနေတဲ့ ရဲဘော်ကို ဥပဒေအရ အမှုဖွင့်ထားပြီး ချုပ်နှောင်ထားတယ်လို့သိရပါတယ်။

ဥပဒေအရသာလက်ရှိမှာ အမှုဖွင့်ထားပေမယ့် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးတာမဟုတ်တာကြောင့် တရားရင်ဆိုင်ပြီးသွားရင်တော့ အပြစ်ကလွတ်နိုင်မှာပါလို့် အဆိုပါရဲတပ်ဖွဲ့ဝင်ရဲ့ ပြောပြချက်အရသိရပါတယ်။ 

Share

Loading Next Article...
က္က