အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ သမီးရည်းစားချင်း အဆင်မပြေမှုနဲ့ နေအိမ်ခြံအတွင်းရှိ သရက်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာပါ။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မှာ သမီးရည်းစားချင်းအဆင်မပြေဟုဆိုကာ လူငယ်ယောကျာ်းလေးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူမှာ အသက်(၁၈) နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဦးဖြစ်ပြီး နေအိမ်ခြံအတွင်းရှိ သရက်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ ကောင်လေးက လူငယ်ပိုင်းပဲရှိသေးတယ်။ သူ့မိဘတွေရဲ့ ပြောပြချက်အရကတော့ သူ့ကောင်မလေးနဲ့ သမီးရည်းစားချင်းအဆင်မပြေဘူးပြောတာပဲ။ တခြားတော့ဘာပြဿနာမှဖြစ်စရာမရှိဘူးတဲ့။ သတင်းရတော့ သူကြိုးဆွဲချသေဆုံးတဲ့ အခင်းဖြစ်တဲ့နေရာကိုသွားတယ်။ သူ့နေအိမ်ခြံထဲက သရက်ပင်မှာပဲ ကြိုးချည်ပြီးသေနေတာ။ သရက်ပင်အမြင့်ကတော့ (၁၅)ပေ၊ (၁၆)ပေလောက်တော့ရှိမယ်ထင်တယ်” လို့ ဆွာမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
ကြိုးဆွဲချသေဆုံးခဲ့တဲ့ အမျိူးသားရဲ့ အလောင်းကို မိဘတွေကတွေ့ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။
မိဘတွေရဲ့ ထွက်ဆိုချက်အရ သေဆုံးခဲ့တဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားပြီး သွားရမယ့် အချိန်ကို စောင့်ဆိုင်းနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ အမျိုးသားသေဆုံးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်ကို သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။