အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယာ်ဒိုရဲ့မိခင်ဟာ သားဖြစ်သူရဲ့ပွဲတွေကို ကြည့်ရှုနေချိန်မှာ စိတ်လှုပ်ရှားလွယ်လွန်းသူလို့ ဆိုပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးသစ်ရော်နယ်ဒိုဟာ ပွဲကြီးပွဲကောင်းတွေဆိုရင် လာရောက်မကြည့်ရှုဖို့အတွက် မိခင်ဖြစ်သူကို တားမြစ်ထားတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ အရေးအပါဆုံးဖြစ်တဲ့ မိခင်ကို ဆုံးရှုံးရမှာကြောက်တာကြောင့် ဖြစ်တယ်လို့သိရပြီး ယူနိုက်တက်နဲ့အတူ ပွဲဥိးထွက်အဖြစ်ကစားမယ့် နယူးကာဆယ်နဲ့ပွဲကိုလည်း သူ့ရဲ့မိခင် ကြည့်ရှုဖို့မဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။
"အမေက မိသားစုအတွက် မရှိမဖြစ်ပါ၊ ဒီနေ့ဒီအချိန်မှာ ကျွန်တော်ဒီလိုရပ်တည်နေနိုင်တာ အမေ့ရဲ့ထောက်ခံအားပေးမှုတွေကြောင့်ပါပဲ၊ သူ့ကလေးတွေအတွက် အလုပ်အရမ်းကြိုးစားခဲ့ပြီး အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်တော်က မိသားစုမှာအငယ်ဆုံးလေ၊ ကျွန်တော့်ကို အခွင့်အရေးတွေရစေဖို့ သူ ဒုက္ခခံခဲ့တယ်"
စပို့တင်းမှာ ကျွန်တော်ကစားချင်တယ်ပြောတုန်းက မင်းတကယ်ဖြစ်ချင်ရင် မင်းကို ငါမတားဘူး၊ သွားပါတဲ့၊ မင်းသွားတာက ငါ့အတွက်ခက်ခဲမှာဆိုပေမယ့် အိပ်မက်တွေနောက်လိုက်ပါဆိုပြီး အမေက ခွင့်ပြုအားပေးခဲ့တာပါ" လို့ ရော်နယ်ဒိုက Morgan ကို ပြောဆိုခဲ့ဖူးတာပဲဖြစ်ပါတယ်။