ကိုဗစ်တတိယလှိုင်းမှာ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ သရုပ်ဆောင် မေပန်းချီက အခုအခါမှာ အရင်ကထက် အလေးအနက်တွေးလာကာ တစ်ဦးတည်းသော သံယောဇဥ်တွယ်စရာ ညီမလေးအတွက် အစ်မကောင်းတစ်ယောက်ဖြစ်အောင် ပိုကြိုးစားဖြစ်နေတယ်လို့ Duwun ကို ဖြေကြားခဲ့ပါတယ်။
အသက် ၉နှစ်လောက်ကွာတဲ့ ညီမလေးအတွက် ဘယ်လိုမျိုး စိတ်ဓာတ်အင်အားတွေရယူဖြစ်နေသလဲဆိုတာကို မေပန်းချီက အခုလို ရင်ဖွင့်လာပါတယ်။
"တချို့တချို့ကိစ္စ တွေ ကြုံလာပြီး နောက်ပိုင်းမှာမှ ပန်းချီ ပိုပြီးသန်မာလာတာ။ ငါလဲကျရင် ငါပြန်ထရမယ် ဆိုတဲ့ စိတ်ဝင်တယ်။ ပိုသန်မာလာတယ်။ အမေဆုံးပြီးတဲ့ အချိန်မှာ ပန်းချီနဲ့ ညီမလေးနဲ့ နှစ်ယောက်တည်း ရှိတော့တာ အဲ့ဒီ့အချိန်မှာ ညီမလေးက ပန်းချီ့ ထက် ပိုသန်မာတယ်” လို့ ဆိုပါတယ်။
ဓာတ်ပုံ - မေပန်းချီ
ဒါ့အပြင် ညီမလေးကို ပိုပြီး ဂရုစိုက်မိကာ သူ့ရဲ့ဝါသနာကို ပံ့ပိုးပေးချင်စိတ်ဖြစ်မိတဲ့အကြောင်းလည်း ပြောလာပါတယ်။
“အမေမရှိတော့တဲ့ နောက်ပိုင်းမှ ကိုယ်က အစ်မကြီးအမိရာ နေရာဖြစ်လာတော့ ကိုယ့်ညီမလေးရဲ့ အားသာချက်တွေ ပိုသိလာတယ်။ ညီမလေးက အသံအရမ်းကောင်းတယ်။ သူ စတူဒီယို ထဲမှာ သီချင်းဆိုနေရင်းနဲ့ အပြင်မှာ ငိုနေမိတယ်။ ငါ့ညီမ လေးအရမ်းတော်တာကို ငါ့အမေကို မပြလိုက်ရလေခြင်း၊ ငါ့အမေရှိစဉ်ကာလမှာ ငါ့ညီမလေးကို ဘာလို့ မပံ့ပိုးပေးခဲ့ရတာလဲဆိုပြီး ငိုမိတယ်။ ညီမလေးအတွက် ကိုယ်က ပိုပြီး ပိုက်ဆံရှာချင်လာတယ်။ အခုဆို ပန်းချီမှာ ညီမ လေးရှိတယ်။ သူ့အတွက် ပန်းချီ ရှင်သန်ပေး ရမယ်။အဲ့ ကြောင့်မို့လို့ ဒီအချိန်မှာ ပြန်သန်မာလာတာ ပေါ့" ဆိုပြီး ခံစားချက်တွေ ကို ရင်ဖွင့် ရင်း ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ - မေပန်းချီ
ညီမဖြစ်သူက က လေးတစ်ယောက်ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာ အစ်မဖြစ်သူ ကိုပါစိတ်ခွန်အားတွေ ပေးနိုင်တဲ့အထိ ကို သန်မာနေတဲ့အ ကြောင်းကိုလည်း ဂုဏ်ယူစွာ ပြောပြလာပါတယ်။
"ပန်းချီ့ ညီမ လေးကို မီဒီယာအ ရှေ့ကိုလည်း ချမ ပြဘူး။ဘာဖြစ်လို့လည်းဆိုတော့ ပန်းချီ မရခဲ့တဲ့ ငယ်ဘဝကို သူ့ကို ပေးထားတယ်။ သူ့ကို အနုပညာလောကထဲကိုလည်း အတင်း ဆွဲမခေါ်ဘူး။ သူက အွန်လိုင်းတောင် ကောင်းကောင်းသုံးနိုင်တဲ့အထဲ မပါတော့ ပန်းချီ့ စိတ်ထဲ သူ့ကို ကလေးလို့ပဲ သတ်မှတ်ထားတာ။ ညီမလေးကို ကိုယ့်လောက် သန်မာလိမ့်မယ်လို့ လုံးဝကို မထင်ထားဘူး။ ကိုယ်က အ မေ မရှိလို့ ကျရှုံးနေတဲ့အချိန်မှာ ‘အ မေက အဲ့လိုမျိုးကိုကြိူက်မှာမဟုတ်ဘူး။သူလည်းရှိနေတာပဲ’ ဆိုပြီးပြောတဲ့အချိန် ပန်းချီ တကယ်ကို အံ့သြတာ။ နောက်ဆုံး ပန်းချီ့ ဝေယျာဝစ္စ တွေက အစ အကုန်ပြင်ဆင်ပေးတာ။ လက်ရာကလည်း အမေ့လက်ရာအတိုင်းပဲ " ဆိုပြီး ညီမဖြစ်သူရဲ့ ရင့်ကျက် လိမ္မာ သိတတ်မှုတွေ အ ကြောင်းကို ပီတိမျက်ရည်ဝိုင်းပြီး ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် မေပန်းချီ က တော့ အနုပညာ လောကထဲရောက်ရှိခဲ့တာ ၁ဝစုနှစ် တစ်ခုကြာရှိပြီဖြစ်ပြီး နာမည်ရ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင် အားပေးမှုကိုလည်း ရရှိထားသူလည်း ဖြစ်ပါတယ်။