ရွေးချယ်စရာ လိဂ် ၃ ခုရှိနေပေမယ့် အဆင်အပြေဆုံးကိုသာ ရွေးချယ်သွားဖွယ်ရှိနေတာပါ။

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အမ်းမရိတ်စ်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ဥရောပက လိဂ် ၃ ခုကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

အူဘာမီယန်းဟာ ယခုလအစောပိုင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက အသင်းအတွက် ကစားပေးခဲ့ရခြင်းမရှိတော့သူ ဖြစ်ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နည်းပြဟောင်း အူနိုင်း အမ်မရီက ချာကာကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။



အူဘာမီယန်းဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ့မွန်အသင်းသကနေ ပြောင်းရွှေ့လာပြီးကတည်းက ၁၆၃ ပွဲမှာ ၉၂ သွင်းယူပေးထားပြီး အာဆင်နယ်အသင်းရဲ့ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အာတီတာဟာ အူဘာမီယန်းကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းပြီး နောက်ထပ်တစ်ကြိမ် ကစားစေဖို့ ဆန္ဒမရှိပုံပေါ်နေတာကြောင့် ဂါဘွန်တိုက်စစ်မှူးနဲ့ မြောက်လန်ဒန်ကလပ်တို့ရဲ့ရေစက်က ဒီဘဝ ဒီမျှနဲ့သာ ပြီးဆုံးသွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အမ်းမရိတ်စ်က အခြေအနေတွေကြောင့် အူဘာမီယန်းဟာ လာမယ့်လမှာ အသင်းကို စွန့်ခွာချင်နေပြီး ပြင်သစ်ကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ Football London ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အူဘာမီယန်းရဲ့မခင်ဟာ ပြင်သစ်မှာ မကြာသေးခင်ကအထိ အခြေချနေထိုင်နေခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ကစားသမားအတွက် စပိန်နဲ့ အီတလီတို့ဟာ ဆွဲဆောင်မှုရှိတဲ့ လိဂ်တွေဖြစ်ပေမယ့်လည်း မိခင်ဖြစ်သူကျန်းမာရေးကြောင့် နောက်ထပ် အလားတူ ပြဿနာတွေ မဖြစ်လာနိုင်အောင် လီဂူးဝမ်းကို ပြောင်းဖို့ ရွေးချယ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Share

က္က