ရော်နယ်ဒိုရဲ့ အမေက အသက် (၆၉) နှစ်ပြည့်မြောက်ခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မိခင်ဖြစ်သူ အေဗီရိုရဲ့ အသက် (၆၉) နှစ်ပြည့် မွေးနေ့အတွက် ပိုရှေး ကားအသစ်တစ်စီးနဲ့ လက်ဆောင်ပေး ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါတယ်။ အေဗီရိုဟာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ အသက် (၆၉) နှစ်ပြည့်မြောက်ခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက မိခင်ဖြစ်သူရဲ့ မွေးနေ့ကို အချိန်မီဂုဏ်ပြုနိုင်ဖို့အတွက် အေဗီရိုနေထိုင်ရာ မွေးရပ်မြေ မက်ဒဲရားကို အရောက်ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် ပိုရှေးကားအသစ် တစ်စီးကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။


အေဗီရိုကတော့ ဒီကားအသစ်ကြီးနဲ့ ပထမဆုံး အခိုက်အတန့်တွေကို ဗီဒီယိုမှတ်တမ်းတင်ကာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ရော်နယ်ဒိုရဲ့သား၊ အေဗီရိုရဲ့ မြေးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာက အေဗီရိုကို ကားအသစ်ကြီးဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

အနီရောင်ဖဲကြိုးအကြီးနဲ့ အလှဆင်ထားတဲ့ ဒီကားသစ်ကြီးကို မြင်တဲ့အခါမှာတော့ အေဗီရိုတစ်ယောက် တော်တော်လေး စိတ်လှုပ်ရှားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အေဗီရိုဟာ သူ့ရဲ့မြေးဖြစ်သူ ဂျူနီယာကိုလည်း ပွေ့ဖက်ထားခဲ့ပြီး ဒီအခိုက်အတန့်တွေအားလုံးကလည်း ဗီဒီယိုအဖြစ် မှတ်တမ်းတင်ထားတာပါ။

အဲ့ဒီနောက်မှာတော့ အေဗီရိုက ကားအသစ်အပေါ်ကို တက်ကာ သူ့အတွက် အဖိုးတန်လက်ဆောင်ကြီးကို လေ့လာနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ရော်နယ်ဒိုတို့ မောင်နှမတွေက ဘေးကနေ စောင့်ကြည့်ပေးနေခဲ့ပြီး အေဗီရိုအတွက်တော့ အမှတ်ရစရာ မွေးနေ့အချိန်အခါလည်း ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က