သူမနဲ့ တူတဲ့ သမီးလေးကို ရထားတာနော်။

အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သာယာတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။ ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးလေးအကြောင်းကိုလည်း ယခုလို ပြောပြထားပါသေးတယ်။

 

Photo : အိန္ဒြာကျော်ဇင်

သရုပ်ဆောင် အိန္ဒြာကျော်ဟာ သူမနဲ့ တူတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပါ။ အနေအေးတဲ့ သမီးကြီး ပြေသုဒြာက သူမနဲ့တူတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

“သမီးကြီးက တော်တော်များများ အမနဲ့တူတယ်။ အနေအေးတာလည်း တူတယ်။ အကြိုက်လည်း တူတယ်။ စကားလည်း နည်းတယ်။ သူစိတ်ဝင်စားတဲ့အကြောင်းအရာဆို သူပြောတယ်။ သူစိတ်မဝင်စားဘူးဆိုရင် သူ့ဘာသာသူနေတယ်” လို့ သြဂုတ်လ(၁၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ monster cheese ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာပါ။

Photo : အိန္ဒြာကျော်ဇင်

အငယ်လေး ပြေဓီရကတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ကြိုက်တာတွေ ၊ စိတ်နေစိတ်ထားတွေကအစ တူတယ်ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

“သားက သူ့အဖေနဲ့တူတယ်။ ကြိုက်တာတွေ စိတ်နေစိတ်ထားတွေကအစ တူတယ်။ အငယ်လေးက အရမ်းသွက်တယ်။ စကားလည်း အရမ်းပြောတယ်။ သူ့အဖေနဲ့တူတယ်။အမနဲ့တော့ မတူဘူး”ဆိုပြီး သမီးနဲ့ သားလေးအကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : အိန္ဒြာကျော်ဇင်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Share

Loading Next Article...
က္က