စိတ်ထားအရမ်းကောင်းတဲ့ ကလေးပါ။

ချစ်သုဝေက အရမ်းကို ကြင်နာတတ်တဲ့ သမီးလေး မေမြန်မာသစ်ကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီလို သမီးလေးတွေ ပိုင်ဆိုင်ရခွင့်ရတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

Photo: Chit Thu Wai



ချစ်သုဝေ တစ်ယောက် အရမ်းလိမ္မာတဲ့ အမြွှာသမီးလေးတွေကြောင့် အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ မေမေ ဖြစ်ပါတယ်။ အခုလည်း သမီးလေး မေမြန်မာသစ် ရဲ့ စိတ်ဓာတ်လေးကို အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။

‘’သည်းသစ်လေး ရဲရင့်တယ်၊ ခေါင်းမာတယ် ၊ ကြင်နာတတ်တယ် ၊ ညှာတာတတ်တယ် ၊ စကားနည်းတယ် ၊ အာရုံစိုက်မှုကောင်းတယ်။ ခုဆို သူလုပ်ပြီးသားလေးတွေကို မေမေဒီမှာလို့ ခေါ်ပြတတ်နေပြီ။ သမီးလေးတွေရဲ့အသေးစိတ်အရာရာဖြတ်သန်းမှုမှာ ပါဝင်နေနိုင်တာကိုက ဘုရားပေးတဲ့ဆု’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Chit Thu Wai

သမီးလေးတွေရဲ့ အနာဂတ်လှပဖို့နဲ့ မိခင်အတွက် ဂုဏ်ယူစေဖို့ကိုလည်း သူမဆက်ကြိုးစားသွားဖို့ ခွန်းအားတွေ အပြည့်ပါပဲလို့ ဆိုပါတယ်။ ဖြတ်သန်းရတဲ့ လောကဓံတွေ ကြုံရလေ သူမကို မွေးထားတဲ့ မိခင်ကို နားလည်လေလေပါပဲတဲ့။

“သမီးလေးတွေအနာဂတ်လှဖို့ သမီးလေးတွေဟာကိုယ့်လုပ်ရပ် ကိုယ့်ဆုံးဖြတ်မှုတွေအောက်မှာ မျက်နှာမငယ်ရဖို့ သမီးလေးတွေအတွက် ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့ သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့ သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့ဂုဏ်ယူနေစေဖို့ ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့ ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့ ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့မေမေချစ်တယ်နော် ကလေးငယ်လေးတွေ ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Chit Thu Wai

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က