ဇနီးနဲ့ ကွဲကွာနေတဲ့ ကျော်ဇင်ထွဋ်က သမီးကြီးအတွက် မွေးနေ့လက်ဆောင်အဖြစ် မွေးနေ့ကိတ်လေး စီစဉ်ပေးပို့ခဲ့ပါတယ်။ ဇနီးနဲ့ သမီးလေးတွေ ပြန်လာဖို့အတွက်ကိုလည်း ဘုရား၊ တရားတွေ ပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်
ဇူလိုင်လ ၂၆ ရက်နေ့ဟာ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ သမီးကြီး ကီကီ ရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ သမီးကြီး ကီကီ ရဲ့ မွေးနေ့အမှတ်တရ အနမ်းကိုလည်း အဝေးကနေပဲ ပေးလိုက်တယ် လို့ သူက ဆိုပါတယ်။
'' 6-7-2018, 100% Happy Birthday ပါ သမီးကြီး မေချစ် KiKi ရေ။ ဒီနေ့လေးကတော့ ရန်ကုန်ဖေချစ်ရမ်းချစ်တဲ့ သူ့သမီးကြီးလေး မေချစ် KiKi ရဲ့ ၁၈နှစ်ပြည့်မွေးနေ့လေး ဖြစ်ပါအိ ။ မှတ်ချက် ။ ။ ဒီနှစ်တော့ အဝေးကနေပဲ Birthday Kiss လေး ပေးလိုက်ပါတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၆ ရက်နေ့ မနက် ၅ နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်
ဇနီးနဲ့သမီးလေးတွေ ပြန်လာဖို့ ဘုရား၊တရား လုပ်နေတဲ့ ကျော်ဇင်ထွဋ်
မွေးနေ့လက်ဆောင်အဖြစ် မွေးနေ့ကိတ်ကိုတော့ ကိုယ်တိုင်ပေးခွင့်မရတဲ့အတွက် အိမ်ခြံတံခါးမှာ ချိတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
''အထူးမှတ်ချက် ။ ။ မနေ့က ပါပါး ခြံတံခါးမှာချိတ်သွားတဲ့ သမီးကြီးလေး ရဲ့ မွေးနေ့ကိတ်လေး ကို သမီးတို့ ယူဖြစ်ပါစေလို့ပဲ ပါပါး ဆုတောင်းနေပါအိ။ ၃ယောက်လုံးကို အရမ်းချစ်ပြီး အရမ်းလွမ်းနေတယ် ဆိုတာ ၃ ယောက်လုံး သိပေးပါလို့'' ဆိုပြီးတော့ ဆက်လက်ရေးသားထားတာ ဖြစ်ပါတယ်။
Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်
ကျော်ဇင်ထွဋ်ရဲ့ သမီးကြီး Ki Ki က တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသွားပြီ ဖြစ်ပါတယ်။ သမီးငယ်လေးကလည်း အခုဆိုရင် အဋ္ဌမတန်းမှာ ပညာသင်ကြားနေပါတယ်။
ကျော်ဇင်ထွဋ်ရဲ့ ဇနီးနဲ့ သမီးတွေက ဇွန်လ ၁၃ ရက်နေ့မှာ အိမ်ပေါ်က ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ အခုချိန်ထိလည်း ပြန်အဆင် ပြေဖို့ ကြိုးစားနေကြောင်း၊ ဇနီးနဲ့ သမီးလေးတွေ ပြန်လာဖို့အတွက် ကျော်ဇင်ထွဋ်တစ်ယောက် ဘုရား၊ တရားတွေ ပိုလုပ်ဖြစ်နေကြောင်းကို လည်း Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။