မိခင်နေမကောင်းတာကြောင့် အဆိုတော် ကော်နီတစ်ယောက် မိခင်ကို အနီးကပ် ပြုစုပေးနေတာ တွေ့ရပါတယ်.
Photo : ကော်နီ FB
အဆိုတော် ကော်နီက အလုပ်တွေ မအားလပ်တဲ့ ကြားထဲက မိခင်ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ယခုလက်ရှိမိခင်ကို ပန်းလှိုင်ဆေးရုံမှာ ဆေးကုသပေးနေရတာကြောင့် အလုပ်တွေနဲ့ လူမှုကိစ္စတွေအတွက် ပျက်ကွက်ခဲ့ရင် နားလည်ပေးဖို့ကိုလည်း တောင်းပန်ထားတာတွေ့ရပါတယ်။
Photo : ကော်နီ FB
“ဒီနေ့အလုပ်တွေ,လူမှုရေးတွေကများစွာရှိပါတယ်သို့သော်ဘယ်မှမရောက်နိုင်သလိုအလုပ်တွေပါဖျက်လိုက်ရပါတယ် အမေ,တော်တော်နေမကောင်းနေလို့ပါရှင်, ခုထိပန်းလှိုင်ဆေးရုံမှာပါဘဲ,,အလုပ်တွေ,လူမှုရေးတွေ,မရောက်နိုင်တာခွင့်လွှတ်, နားလည်ပေးကြပါနော်လို့,” သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ကော်နီဟာ အခုချိန်ထိ မိခင်နဲ့အတူတူနေပြီး မိခင်ကို အနီးကပ ်စောင့်ရှောက်ပေးနေတာပါ။ အမေနဲ့သမီးပဲ ရှိတဲ့ သူမရဲ့ ဘဝမှာ မိခင်ကို ထားခဲ့ပြီး အဝေးမသွားနိုင်ဖြစ်နေတဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ပရိသတ်တွေ က လေးစားလို့နေပါတယ်။
Photo : ကော်နီ FB
ကော်နီဟာ လတ်တလော မိခင်ကို အနီးကပ်ပြုစုပေးနေသလို ဖျော်ဖြေပွဲတွေ တော်တော်များများ သွားဖြစ်နေတာ တွေ့ရပါတယ်။အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။
ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ြဖစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိခင်ရဲ့ ကျန်းမာရေးအတွက်ကိုလည်း ပြုစု စောင့်ရှောက်ပေးနေရတာကြောင့် ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူးတဲ့။
Photo : ကော်နီ FB
အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနာကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။