ဟာသသရုပ်ဆောင်ဒိန်းဒေါင်က အသက်(၄၅)နှစ်ပြည့်မွေးနေ့ကို သူ့ရဲ့ အိမ်ရှေ့မှာတင် ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ ဆင်နွဲခဲ့ပါတယ်.
Photo : ဒိန်းဒေါင်
ဟာသသရုပ်ဆောင် ဒိန်းဒေါင်က မွေးနေ့ကို ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ ဒီဇင်ဘာ(၂၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ကိုအိမ်ရှေ့မှာ ပရိသတ်တွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ခဲ့တာပါ။
Photo : ဒိန်းဒေါင်
ဒိန်းဒေါင်ဟာ အသက်(၄၅) နှစ်ပြည့် မွေးနေ့မှာ သံဃာတော်(၁၁)ပါးကို ဆွမ်းကပ်ကုသိုလ်ယူခဲ့သလိုမိခင်ရဲ့ ထမီတွေကို လျှော်ပြီးကုသိုလ်ယူခဲ့ပါသေးတယ်။ “မွေးနေ့မနက်သံဃာတော်၁၁ပါးဆွမ်းကပ်တယ် အမေ့ထမီလျှော်ပေးတယ်အဖေ့ကိုလဲသတိရတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ဒိန်းဒေါင်
ထပ်မံပြီးတော့လည်း မွေးနေ့ကုသိုလ်အဖြစ် မိခင်ကို သိန်း(၁၀၀)နဲ့ ကန်တော့ခဲ့ပါသေးတယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ မိသားစုတွေအတွက် ဆန်အိတ်တွေ လှူဒါန်းခဲ့သလို မိဘကျေးဇူးဆပ် အနန္ဒမေတ္တာရှင်စေတီတော်ကြီးအတွက်ကိုလည်း သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ ဒိန်းဒေါင်က ဆိုပါတယ်။
အသက်(၄၄)နှစ်ပြည့် မွေးနေ့အလှူပြုလုပ်ခဲ့စဉ်
ဒိန်းဒေါင်ဟာ မွေးနေ့ရောက်တိုင်း မိခင်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးဖြစ်သူပါ။ ဒိန်းဒေါင်အတွက်က မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲတဲ့။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။ ဒိန်းဒေါင်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာတွေ့ရသလို သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားတွေလည်း ရှိလို့နေပါတယ်။