ဒုတိယအကြိမ် တွေ့ဆုံကြတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အဆိုတော် ရွှေထူးနဲ့ အတူ “ခမည်းကြိုး” ရုပ်ရှင်ကားကြီးမှာ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ 

Photo: Wutt Hmone Shwe Yi



ဝတ်မှုံရွှေရည်ဟာ နာမည်ကျော်စာရေးဆရာမ ခင်ခင်ထူးကိုယ်တိုင်ရေးထားတဲ့ “ခမည်းကြိုး” ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ရာမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအတွက် သူမကိုယ်တိုင်လည်း အရမ်းစိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။ 

“ ဒီဇာတ်ကားက နာမည်လည်း အရမ်းကြီးတဲ့ ဇာတ်ဖြစ်တယ်။ ပရိသတ်တွေ ကိုယ်တိုင်ကလည်း ရိုက်စေချင်ဇာတ်ကားဖြစ်တော့ ရင်ခုန်တယ်။ အခုတောင်မှ သွားရိုက်ရမယ့် နေရာတွေကို တွေးရင်းနဲ့ စိတ်လှုပ်ရှားနေတယ်။ ဒီဇာတ်ကားကို ဘယ်လို ရိုက်ကြမလဲ၊ ပြီးတော့ ဇာတ်လမ်းရော၊ ရိုက်မယ့် နေရာတွေရော၊ ရိုက်ရမယ့် ကာရိုက်တာ အတွက်ကိုရော ရင်ခုန်နေမိတယ်။ ဒီဇာတ်ကားထဲမှာတော့ ရွှေထူးနဲ့ ဒုတိယမြောက် ဆုံဖြစ်တဲ့ ဇာတ်ကားပါ” လို့ မတ်လ ၂၃ ရက်နေ့က Media 7 နဲ့ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: RBV

ခမည်းကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးပုံဖော်သွား မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်နဲ့ ရွှေထူးကို အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထား တာ တွေ့ရမှာပါ။ ဝတ်မှုံရွှေရည်နဲ့ ရွှေထူးတို့ဟာ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကား ရိုက်ပြီးတဲ့နောက် 

“ခမည်းကြိုး” ရုပ်ရှင်ဇာတ်ကားမှာ ပြန်လည် တွေ့ဆုံမှာဖြစ်ပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ လာကမ်းလှမ်းသမျှ ဇာတ်ရုပ်တိုင်းကိုတော့ လက်မခံတော့ဘူးလို့ သိရပါတယ်။ သူမကိုယ်တိုင်ရော၊ ပရိသတ်ရော ဗဟုသုတရစေမယ့် ဇာတ်ရုပ်မျိုးကိုသာ ရိုက်ကူးဖြစ်နေတယ်လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

“ တစ်ခါတလေကျရင် ကိုယ်အရမ်းရိုက်ချင်တဲ့ ဇာတ်ရုပ်တွေကို ကိုယ်မရိုက်လိုက်ရတာမျိုးရှိတယ်။ အားလုံး ပြင်ဆင်ပြီးသွားမှ မရိုက်ဘဲ ပျက်သွားတဲ့ ဇာတ်မျိုးတွေ၊ သူများအဆင်မပြေလို့ ကိုယ်နဲ့ မရိုက်ဖြစ်တဲ့ ဇာတ်မျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ ဒါကလည်း ကံနဲ့ အရမ်းဆိုင်ပါတယ်။ ဒါကြောင့် ဝတ္ထုပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်မှ ရိုက်ခွင့်ရတယ်လို့ ကစ်တော့ ခံယူထားတယ်” လို့ ဆိုပါတယ်။ 

Photo: Li John

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က