ဘေဘီမောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခဲ့တဲ့ အကျိုးတွေကို အခုချိန်မှာ ခံစားနေရပြီလို့ ဆိုပါတယ်. သူမဟာ မိသားစု ထဲမှာတော့ သမီး အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်.
Photo: ဘေဘီမောင်
ဘေဘီမောင်ဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်နေရသူဖြစ်ပါတယ်. သူမအနေနဲ့ မိသားစုထဲမှာ သမီးအကြီးဆုံးဖြစ်တာကြောင့် မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာမှုတွေရှိခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရပြီလို့ ရင်ဖွင့်ပြောပြလာပါတယ်.
''မိဘသားစုအပေါ်ငယ်ငယ်ထဲကသိတတ်အလုပ်ကျွေးပြုပြီး မိဘတွေကိုလည်းစိတ်ချမ်းသာအောင်ထားတဲ့အတွက် ခုချိန်မှာ ကျွန်မလည်းစိတ်ချမ်းသာနေရတာပါ.ကျွန်မ မချမ်းသာပါဘူး ဒါပေမဲ့ လူရယ်ဖြစ်လာရင်စိတ်ချမ်းသာဖို့ကအဓိကပါ. စိတ်ချမ်းသာရတယ်ပျော်တယ် '' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်.
Photo: ဘေဘီမောင်
ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။
Photo: ဘေဘီမောင်
အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။
Photo: ဘေဘီမောင်
ဘေဘီမောင်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လျှော့နည်းလာတာကို တွေ့ရပါတယ်. သူ့ရဲ့ ညီမအရင်းဖြစ်သူ မဟေသီ ကတော့ ဗီဒီယို ဇာတ်ကားတွေရိုက်ကူး နေတာကို တွေ့ရပါတယ်. အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ညီမလေးရဲ့ အောင်မြင်မှုကိုလည်း အစ်မတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူ မိတယ် လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်