ပထမအကျော့မှာ ချယ်လ်ဆီးက ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီတပတ်ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပိုကောင်းတဲ့ အေစီမီလန်ကို မြင်တွေ့ရလိမ့်မယ်လို့ အသင်းဟောင်းချယ်လ်ဆီးကို အေစီမီလန်ကစားသမားတိုမိုရီက သတိပေးလိုက်ပါတယ်။ ပထမအကျော့ ချယ်လ်ဆီးကွင်းမှာ ကစားခဲ့တုန်းက ချယ်လ်ဆီးက ၃ ဂိုးပြတ်နဲ့အနိင်ရခဲ့ပြီး နည်းပြသစ်ဂရေဟမ်ပေါ်တာအတွက် မျက်နှာပန်းလှခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာ နောက်ခံလူတိုမိုရီက မီလန်မှာတော့ လွယ်လွယ်နဲ့မရဘူးလို့ ပြောလိုက်တာပါ။ 

အေစီမီလန်ကတော့ စီးရီးအေမှာ ဂျူဗင်တပ်စ်ကို အနိုင်ကစားပြီး ချယ်လ်ဆီးကိုအရေးနိမ့်မှုကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကလည်းလည်း ပေါ်တာလက်ထက်မှာရှုံးပွဲမရှိသေးဘဲနိုင်ပွဲတွေ ဆက်တိုက်ရယူနေပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ မီလန်မှာ ကစားရမယ့်ပွဲက အကြိတ်အနယ်နဲ့ ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။ 

တိုမိုရီက "ချယ်လ်ဆီးကိုအရေးနိမ့်ခဲ့လို့ ကျနော်ဒေါသထွက်ခဲ့၇တယ်၊ ပြီးတော့ ကွင်းထဲမှာလည်း ရှိသမျှအစွမ်းအစအားလုံးကို ပေးချင်ပါတယ်၊ ချယ်လ်ဆီးနဲ့ပွဲက စွမ်းဆောင်ရည်ကို ပြန်ပယ်ဖျက်ချင်ပြီးတော့ ဘယ်လိုခံစားရလဲဆိုတာကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်၊ ကျနော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ ကျနော်တို့ကစားနေကျပုံစံကိုမလုပ်နိုင်ခဲ့တာပါ"

"အခုတော့ ကျနော်တို့က ပိုပြီးတော့ကောင်းမွန်တာတွေလုပ်နိုင်တယ်ဆိုတာကို​ ပြသဖို့အခွင့်အရေးပါပဲ၊ မီလန်ကကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပြီး ဒီထက်မကပိုလုပ်ပြနိုင်တဲ့အရည်အသွေးလည်းရှိပါတယ်၊ လာမယ့်ပွဲမှာ ကျနော်တို့အားလုံး ရှိသမျှအားလုံး အသုံးပြုပြီးတော့ နိုင်ပွဲရအောင်ကြိုးစားသွားမှာပါ၊ ကျနော်တို့က တောင့်တင်းတဲ့အသင်းတသင်းဖြစ်ပြီး ကျနော်တို့အင်အားကိုစုစည်းလိုက်ရင် အဆင့်မြှင့်တင်နိုင်မယ်ဆိုတာကိုလည်း သိပါတယ်" လို့ပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးနဲ့ အေစီမီလန်အသင်းတို့ဟာ ၃ ပွဲစီကစားအပြီးမှာ ၄ မှတ်ရရှိထားပြီး ဆဲလ်ဘတ်က ၅ မှတ်၊ ဒိုင်နမိုဇာဂရက်က ၃ မှတ်ရရှိထားပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်က အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်ဖြစ်နေပြီး အသင်းတိုင်းမှာလည်း မျှော်လင့်ချက်ရှိနေလို့ အကြိတ်အနယ်အရှိဆုံးအုပ်စုဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က