သရုပ်ဆောင် မလုပ်စေချင်ဘူး။

သရုပ်ဆောင် အေဏီဇော်ဟာ သူမရဲ့ တစ်ဦးတည်းသော သမီးလေးကို အနုပညာအလုပ်တွေထက် ပညာရေးကို ပိုလုပ်စေချင်တယ်လို့ ဆိုပါတယ်။ 

Photo: A Ne Zaw



အေဏီဇော်ကတော့ သမီးလေးကို ပညာရေးမှာ ထူးချွန်စေချင်တယ်လို့ ဆိုပါတယ်။ ကျောင်းပိတ်ထားတဲ့ အချိန်မှာ ဘာသာစကားတွေ လေ့လာခိုင်းထားတယ်လို့ Duwun ကနေပြောပြလာပါတယ်။ 

“ သမီးလေးကို အစ်မက ပညာရေးအပိုင်းကိုပဲ ဦးစားပေးစေချင်တယ်။ အခုလည်း သူ့ကို နိုင်ငံခြား ဘာသာစကားလေးတွေလေ့လာခိုင်းတယ်၊ ကွန်ပျူတာ သင်ပေးဖို့က သိပ်အဆင်မပြေသေးဘူးပေါ့နော်။ သူ့အတွက် ရည်မှန်းထားတာကတော့ ပညာရေးက အဓိကပဲ။ ပညာရေးပြည့်ဝပြီးတော့မှ ကျန်တာ သူကြိုက်တာ အကုန်လုပ်ပါစေပေါ့” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: A Ne Zaw

အေဏီဇော်ဟာ သူမက သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် တစ်ဦးတည်းသော သမီးလေးကိုတော့ သရုပ်ဆောင် မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။ 

“ သူ့ကို သရုပ်ဆောင် မလုပ်စေချင်ဘူး ပင်ပန်းလို့။ ဥပမာ Model Show လျှောက်တာတို့၊ Photo Model လုပ်တာတို့ဆိုရင် သူက အရပ်လည်းရှည်တယ်၊ အရိုးအဆစ်တွေကလည်း အစ်မလို မဟုတ်တော့ နည်းနည်း အားပေးတယ်။ သရုပ်ဆောင် လုပ်တာကတော့ ပင်ပန်းတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: A Ne Zaw

အေဏီဇော်ဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာလည်း သူမကို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သိပ်မတွေ့ရတော့ပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အေနီဇော်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် (၁၀)စုနှစ်ကာလကို ရောက်ရှိလာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က