ထရက်ရှာလေးက အခု မတ်တပ်စစမ်းနေပြီလို့လည်း ဆိုပါတယ်။

စန္ဒီမြင့်လွင်ကတော့ (၁၀)လ အရွယ်မှာ မတ်တပ်စစမ်းနေပြီဖြစ်တဲ့ သမီးလေး ခင်လင်းထင်အတွက် သူမရင်ထဲက စကားတွေကို အခုလို ပြောပြထားပါတယ်။ 

Photo: Sandi Myint Lwin



အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင်(ခ) ထရက်ရှာလေးကတော့ ဒီနေ့( မေလ ၅ ရက်)မှာ မတ်တပ်စရပ်ဖို့ကြိုးစားနေပြီလို့ ဆိုပါတယ်။ မတ်တပ်စရပ်ဖို့ ကြိုးစားနေပြီဖြစ်တဲ့ သမီးလေးကိုကြည့်ရင်း ဘဝမှာ သမီးလေး ရင်ဆိုင်ကြုံတွေ့ရမယ့် အရာလေးတွေကို ‌ယခုလို ပြောပြထားပါတယ်။

" မေမေ့သမီးလေး မတ်တပ်စမ်းနေပြီ။ မကြာခင်မှာ လမ်းစ လျှောက်တော့မယ်။လျှောက်ရင်း လျှောက်ရင်း ဘဝတွေထဲကိုတိုးဝင်ရတော့မယ်။ သမီးလေးရေ ..... သမီးလေးသိထားဖို့က တစ်ချိန် ဘဝကြီးထဲကို စဝင်တဲ့အခါ အမြဲတမ်း ပန်းခင်းလမ်းကြီးပဲရှိနေမှာ မဟုတ်ဘူးနော်။ တစ်ခါတရံ ခက်ခဲ ပင်ပန်းရတာမျိုးလည်း ကြုံရတတ်တယ် သမီးလေးရေ။ အဲ့ဒီလို ဘဝထဲ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီးဝင်လျှောက်လှမ်းတဲ့အခါမှာ သမီးကို လိုသူတွေ၊ မလိုသူတွေ၊ တွန်းချချင်သူတွေ တွန်းတင်ပေးချင်သူတွေရော တွေ့ရမှာပဲ သမီး။ သမီးလေးကို မေမေမှာချင်တာက လူတွေဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာပဲ။ ရင်ဘတ်နဲ့ပေါင်းသင်းကြသူတွေရှိသလို အပေါ်ယံတွေလည်း အများကြီးပဲ သမီးရေ။ အပေါ်ယံတွေနဲ့ ကြုံလာရတဲ့အခါ သူတို့အတွက် လိုက်ခံစားပေးရင်း ကိုယ်တိုင် လဲမကျမသွားရဘူးနော်။ ကိုယ်ကသာ မှန်နေပါစေ။ ဘယ်တော့ မှ ဘယ်သူ့ကိုမှ စကားတွေအများကြီး ပြောစရာမလိုပဲ လူကြားထဲ ရင်ကော့ခေါင်းမော့ပြီး ဘဝထဲကို ပြုံးပြုံးလေးသာ ဝင်သွားပါ။ ကိုယ်မှန်ရင် ခေါင်းမရွေ့ပါဘူး သမီးလေးရေ။ အချိန်တန်ရင် လူတိုင်းဟာ သူတို့နဲ့ ထိုက်တဲ့ သူတို့လမ်း သူတို့ သွားရတာပါ" ဆိုပြီးတော့ မေလ ၅ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်က သမီးလေးကို တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်စေချင်သလို လူ့လောကအလယ်မှာကိုယ့်ခြေထော်‌ပေါ် ကိုယ်ရပ်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်စေချင်တယ်လို့ ပြောထားပါသေးတယ်။

"ခင်လင်းထင်" ဆိုတဲ့ မေမေ့သမီးလေးကို မေမေက လူ့လောက အလယ်မှာ ကိုယ်ခြေထောက်ပေါ်ရပ်ပြီး ကိုယ်ပိုင်အရည်အချင်း အ#လင်းရောင်တွေနဲ့ #ထင်ထင်ရှားရှား တောက်ပနေတဲ့ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေချင်တာပါ သမီးလေးရေ။ #ခင်လင်းထင် #treasure #10monthsoldsbaby မေမေ့သမီးလေး မတ်တပ်စရပ်တဲ့အမှတ်တရ" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ သမီးလေးကိုတော့ အိမ်ခေါ်နာမည် ထရက်ရှာလို့ အမည်ပေးထားပြီး သမီးလေး(၆)လအရွယ်မှာတော့ မြန်မာနာမည်အဖြစ် ခင်လင်းထင်လို့အမည်ပေးခဲ့တာတွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၇ လရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က