ကောင်လေးတွေနဲ့ အပေါင်းအသင်းလုပ်ရင်လည်း ကြိုက်မှာ မဟုတ်ဘူး။

အဆိုတော် ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ သမီးလေး သွန်းလင်းရတီရဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ 

အဆိုတော် ဉာဏ်လင်းအောင် နဲ့ အလှမယ် ချမ်းချမ်းပိုင် တို့ရဲ့ တစ်ဦးတည်းသော သမီးလေး သွန်းလင်းရတီက တော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှာ တစ်နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သမီးလေးရဲ့ မွေးနေ့ကိုတော့ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ဒီနေ့က သမီးလေး ၁ နှစ်ပြည့်မွေးနေ့လေးပါ။ ၂၀၂၀ ၊ ၂ လပိုင်း ၂၂ ရက်နေ့ဆိုတော့ နေ့လေးက ထူးခြားတာပေါ့နော်။ နာမည်လေးကလည်း သွန်းလင်းရတီလို့နာမည်ပေးထားတယ်။ ဘုန်းဘုန်းတွေကို ဆွမ်းကပ်တယ်။ သမီးလေး မွေးနေ့မှာစပြီး အသက်ရှည်ရှည်နေရပါတယ်။ ဖေဖေ မေမေ တို့နဲ့ တစ်သက်လုံး အတူတူနေရပါစေလို့ ဆုတောင်းတယ်။ ယောက်ျားမပေးစားပါဘူး။ သူ တစ်နှစ်ပြည့်တာ အရမ်းမြန်သလို ခံစားရတယ်”ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက သွန်းလင်းရတီ ရဲ့ မွေးနေ့မှာ ဖြေဆိုခဲ့တာပါ။ 

ဉာဏ်လင်းအောင် တစ်ယောက် သမီးလေးကို သဝန်တိုတတ်တဲ့ ဖေဖေ ပါပဲ။ သမီးလေးကိုလည်း ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ပေါင်းတာ မကြိုက်ဘူးလို့ သိရပါတယ်။ သူဟာ ဇနီးဖြစ်သူ ချမ်းချမ်းပိုင် နဲ့ ၂၀၁၈ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာလို့ သိရပါတယ်။ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို့ ဇနီးဖြစ်သူ ချမ်းချမ်းပိုင်က ပြောပါတယ်။ သမီးလေးကို ပိုင်ဆိုင်ခွင့်ရလာပြီးတဲ့အချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေရပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ ဂီတအလုပ်တွေလည်း အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးသွားမယ်လို့ပြောပြခဲ့ပါသေးတယ်။  

ဉာဏ်လင်းအောင်ဟာ ရင်သွေးလေး တစ်ယောက်တည်းယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ သမီးလေးကိုလည်း အရမ်းချစ်သလို ပြည့်ပြည့်စုံစုံ ထားချင်တယ်လို့လည်း ပြောပါတယ်။ 

“ကျွန်တော်ကလည်း ကလေးအရမ်းချစ်တတ်တယ်။ ပြီးတော့ ကိုယ့်သားသမီးလည်းဖြစ်နေတော့ သမီးလေးကို မိဘလို၊ သူငယ်ချင်းလိုအကောင်းဆုံးတွေ ဖြည့်ဆည်းပေးချင်ပါတယ်။ ကျွန်တော်ကလည်း တစ်ဦးတည်းသော သားဆိုတော့ သမီးလေးကိုလည်း တစ်ဦးတည်းသော သမီးဖြစ်စေချင်တယ်။ ပြီးတော့ သူ့ တစ်ယောက်တည်းက အကောင်းဆုံးတွေ လုပ်ပေးချင်တယ်၊ ပြည့်ပြည့်ဝဝ ချစ်ချင်သေးတယ်” လို့ သူကဆိုပါတယ်။ 

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က